တာချီလိတ်မြို့၌ (၇၈)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ ဂုဏ်ပြုအခမ်းအနားကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

တာချီလိတ်မြို့၌ (၇၈)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ ဂုဏ်ပြုအခမ်းအနားကျင်းပ

 




တာချီလိတ် ၊  မေ  ၅


၂၀၂၄ ခုနှစ်၊ မေလ ၅ ရက်နေ့တွင် ကျရောက်သည့် (၇၈)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ ဂုဏ်ပြုအခမ်းအနားကို ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ် မြို့နယ်မီးသတ်ဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ယနေ့ နံနက် ၉ နာရီက ကျင်းပပြုလုပ်သည်။

အခမ်းအနားတွင် စစ်ဗျူဟာအဖွဲ့(အခြေချ) တာချီလိတ်မှ စစ်ဗျူဟာမှူး)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ ဂုဏ်ပြုအမှာစကား ပြောကြားရာ မီးသတ်တပ်ဖွဲ့သည် ပြည်သူတို့၏ အသက်အိုးအိမ် စည်းစိမ်ဥစ္စာပစ္စည်းများအား မီးဘေးအန္တရာယ်နှင့် အခြားသော ဘေးအန္တရာယ်အမျိုးမျိုးမှ ခေတ်အဆက်ဆက် ကာကွယ်စောင့်ရှောက်ခဲ့သော သမိုင်းဂုဏ်ဒြပ်ကြီးမားစွာ ရပ်တည်ခဲ့သည့် အဖွဲ့အစည်းဖြစ်ကြောင်း၊ မီးသတ်သူရဲကောင်းမှာ သူတစ်ပါးအား တိုက်ခိုက်ရန်မဟုတ်ဘဲ စွန့်စားသူများအနေဖြင့် အများကောင်းကျိုးအတွက် ကူညီဆောင်ရွက်သည့် စေတနာ့ဝန်ထမ်းလုပ်ငန်းဖြစ်သောကြောင့် အထူးမြင့်မြတ်သော ဝန်ထမ်းအလုပ်ဖြစ်ကြောင်း၊ မီးသတ်လုပ်ငန်းသည် မြန်မြန်ထက်ထက်နှင့် ရဲရဲဝံ့ဝံ့လုပ်ကိုင်ရသည့် လုပ်ငန်းဖြစ်သဖြင့် မြန်မြန်ငြှိမ်းသတ်နိုင်ရန် သတင်းလက်ဦးမှု အရေးကြီးကြောင်းနှင့် မိတ်ဖက်ဌာနဆိုင်ရာများဖြင့် ညှိနှိုင်းပေါင်းစပ်ကာ လေ့ကျင့်ရေးမှအစ ကြိုတင်စီမံမှုအပိုင်းတွင် စနစ်တကျဆောင်ရွက်ကြရန် အမှာစကားပြောကြားပြီးနောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းကိုက နဂါးနှစ်ကောင်ဆရာတော်ဘုရားကြီး ဈာပနအခမ်းအနားနှင့် မီးခိုးမြူငွေ့လျော့နည်းကျဆင်းရေး လုပ်ငန်းများတွင် ပါဝင်ကူညီဆောင်ရွက်ခဲ့သည့် မီးသတ်တပ်ဖွဲ့ဝင်များအတွက် ဂုဏ်ပြုငွေကျပ် ၁၀ သိန်းအား ချီးမြှင့်ပေးအပ်ရာ ခရိုင်မီးသတ်ဦးစီးမှူး ဦးလှမင်းမှ လက်ခံရယူခဲ့သည်။

ထို့နောက် အခမ်းအနားတက်ရောက်လာကြသူများက မြို့နယ်မီးသတ်ဦးစီးမှူးရုံးအတွင်း ခင်းကျင်းပြသထားသည့် မီးငြှိမ်းသတ်ရေးပစ္စည်းကိရိယာများ၊ ရှာဖွေကယ်ဆယ်ရေးအသုံးပြုပစ္စည်း များအား လှည့်လည်ကြည့်ရှု လေ့လာခဲ့ကြပြီး မြန်မာနိုင်ငံတွင် ၂၀၁၄ ခုနှစ်မှ ၂၀၂၃ ခုနှစ် (၁၀)နှစ် တာကာလအတွင်း မီးလောင်မှုပေါင်း ၁၈၀၀၀ ကြိမ်ခန့်ဖြစ်ပွားကာ ငွေကျပ် ၁၈၇ ဘီလီယံကျော်ခန့် ဆုံးရှုံးခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်ဦးစီးဌာန မှတ်တမ်းများအရ သိရသည်။

မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ မီးသတ်အစည်းအရုံးများကို စုစည်းရန် ၁၉၄၆ ခုနှစ်၊ မေလ ၅ ရက်၊ ရန်ကုန်မြို့တွင် ကျင်းပသည့် မြန်မာနိုင်ငံလုံးဆိုင်ရာ စေတနာ့ဝန်ထမ်း မီးသတ်အစည်းအရုံးညီလာခံ ကျင်းပခဲ့သည့် မေလ ၅ ရက်နေ့ကို အစွဲပြု၍ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့အဖြစ် နှစ်စဉ်ကျင်းပ လာခဲ့သည်မှာ ယနေ့ဆိုလျှင် (၇၈)နှစ်တိုင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။


ကျော်ဇေယျာလင်း

https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)