Pages

Pages

စကားရပ်များ ပြောင်းလဲသတ်မှတ်သည့် ဥပဒေ(မူကြမ်း) ပြဋ္ဌာန်းနိုင်ရေး အပြီးသတ်ညှိနှိုင်းအစည်းအဝေးကျင်းပ


နေပြည်တော်၊ မေ ၃

စကားရပ်များ ပြောင်းလဲသတ်မှတ်သည့် ဥပဒေ (မူကြမ်း) ပြဋ္ဌာန်းနိုင်ရေးအတွက် အပြီးသတ်ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့က နေပြည်တော်ရှိ ဥပဒေရေးရာဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးသို့ ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦး၊ ဒုတိယဝန်ကြီးနှင့် ဒုတိယရှေ့နေချုပ် ဒေါက်တာ ထိန်လင်းဦး၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်နှင့် တာဝန်ရှိသူများ၊ ဥပဒေမူကြမ်းစိစစ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသီတာစန်းနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

အစည်းအဝေးတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီးက လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနသည် ၁၉၀၆ ခုနှစ် နိုဝင်ဘာ ၁၅ ရက်တွင် အခွန်ဝန်ကြီးဌာနအောက်၌ ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာနအဖြစ် စတင်ဖွဲ့စည်းခဲ့ကြောင်း၊ ၂၀၁၅ ခုနှစ် ဇန်နဝါရီ ၁၅ ရက်တွင် ကျင်းပသော ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးအမှတ်စဉ် (၂/၂၀၁၅) ဆုံးဖြတ်ချက်အရ နိုင်ငံတကာအသုံးအနှုန်းနှင့် လျော်ညီမှုရှိစေရန် “လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန”ဟု အမည်ပြောင်းခဲ့သော်လည်း ဌာန၏မူလလုပ်ငန်းစဉ်များအရလည်း‌ကောင်း၊ ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေဇယား (၁) တွင် “ကြေးတိုင်နှင့်မြေစာရင်း” ဟု ဖော်ပြထားခြင်း ကြောင့်လည်းကောင်း၊ မူလအမည်ဖြစ်သည့် “ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာန” ဆိုသည့် အမည်နှင့်သာ ကိုက်ညီမှုအရှိဆုံးဖြစ်သည့်အတွက် ဥပဒေများ၊ နည်းဥပဒေများ၊ အမိန့်နှင့် ညွှန်ကြားချက်များတွင် ပါရှိသော ဦးစီးဌာန၏ အမည်ကို ပြောင်းလဲလို၍ အဆိုပါဥပဒေ (မူကြမ်း)ကို ရေးဆွဲရခြင်းဖြစ်ကြောင်း တင်ပြဆွေးနွေးသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ်က စကားရပ်များ ပြောင်းလဲသတ်မှတ်သည့် ဥပဒေကို သက်ဆိုင်ရာဝန်ကြီးဌာန တစ်ခုချင်းအလိုက် ရေးဆွဲပြဋ္ဌာန်းခြင်း မှာ သင့်လျော်မှန်ကန်မှု မရှိကြောင်း၊ ဥပဒေများ၊ နည်းဥပဒေများနှင့် အမိန့်၊ ညွှန်ကြားချက်များတွင်ပါရှိသော လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနဆိုသည့်စကားရပ်ကို ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာနဆိုသည့် စကားရပ်အဖြစ် ပြောင်းလဲသတ်မှတ်နိုင်ရေးအတွက် လုပ်ထုံးလုပ်နည်းနှင့် အညီဖြစ်စေရန် ဥပ‌ဒေအသစ် တစ်ရပ်ပြဋ္ဌာန်းမည့်အစား အခြား‌လျော်ကန်သင့်မြတ်သည့် နည်းလမ်းဖြင့်သာ ဆောင်ရွက်သင့်ကြောင်း ပြောကြားပြီး ဆောင်ရွက်ရမည့် အလျော်ကန်ဆုံးနည်းလမ်းကို ဆွေးနွေးညှိနှိုင်းဆုံးဖြတ်ခဲ့ကြကြောင်း သိရသည်။


Join - https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق