ထားဝယ် ၊ မေ ၇
တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်စီမံဆောင်ရွက်မှုဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် တိုင်းဒေသကြီးလူငယ်ရေးရာကော်မတီတို့ ပူးပေါင်းကျင်းပသော ဌာနဆိုင်ရာဝန်ထမ်းများအား အခမ်းအနားမှူးသင်တန်းကို ယနေ့နံနက်ပိုင်းက ထားဝယ်ခရိုင် လူထုအခြေပြုဗဟိုဌာန(Community Centre ) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
သင်တန်းဖွင့်ပွဲအခမ်းအနားတွင် တိုင်းဒေသကြီးပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်ခိုင်က ဌာနအသီးသီးတွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများအနေဖြင့် မိမိတို့အားဌာနမှ အခမ်းအနားမှူးအဖြစ်ဆောင်ရွက်ရန် တာဝန်ပေးအပ်လာသည့်အချိန်တွင် အောင်မြင်စွာ ဆောင်ရွက်ရန်သင်တန်းကိုဖွင့်လှစ်ရခြင်းဖြစ်ကြောင်း၊ အခမ်းအနားမှူးသည် အသံသြဇာနှင့် ပြည့်စုံရန်လို ကြောင်း၊ အခမ်းအနားမှူးဆိုသည်မှာ အစည်းအဝေး၊ ဆွေးနွေးပွဲ၊ လှူဒါန်းပွဲ၊ ဖွင့်ပွဲအခမ်းအနား၊ သင်တန်း၊ ဘာသာရေးအခမ်းအနားစသည်များတွင် အခမ်းအနားပြီးစီးအောင် တာဝန်ထမ်းဆောင်ခြင်းကို အခမ်းအနားမှူးဟုခေါ်ဆိုကြောင်းနှင့် အခမ်းအနားမှူးတစ်ဦးတွင် သိရှိလိုက်နာရမည့်အချက်များ၊ ဆောင်ရန်ရှောင်ရန်အချက်များကို အကျယ်တဝင့် ရှင်းလင်းဆွေးနွေးပြောကြားပြီး သင်တန်းသား/သူများအနေဖြင့်သင်တန်းပြီးဆုံးသည်အထိ တက်ရောက်သင်ကြားပေးကြရန် လိုအပ်ကြောင်းနှင့် ဌာနမှဆောင်ရွက်နေသည့် ပြည်သူ့အကျိုးပြု လုပ်ငန်း ဆောင်ရွက်ချက်များအား ရှင်းလင်းဆွေးနွေးပြောကြားသည်။
ဆက်လက်ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး၊ ဒုတိယညွှန်ကြားရေးမှူးနှင့် လက်ထောက်ညွှန်ကြားရေးမှူးတို့က တိုင်းဒေသကြီးအတွင်းရှိ ဌာနဆိုင်ရာ အရာထမ်း/အမှုထမ်း ဝန်ထမ်း(၃၀) ဦးတို့အား Master of Ceremony (M.C) တစ်ဦးတွင် ရှိရမည့် အဓိကအရည်အချင်းများ၊ အခမ်းအနားမှူးတစ်ယောက်၏အရည်အချင်း၊ အခမ်းအနားမှူး၏ ဝတ်စားဆင်ယင်မှု၊ အသံအနေအထား၊ မိုက်ကရိုဖုန်းနှင့် ပြောဆိုရမည့်နည်းလမ်းများ၊ အသံအဖြတ်အတောက်၊ အနိမ့်အမြင့်အသုံးအနှုန်းများအကြောင်းများကို မေ ၇ ရက်နေ့မှ ၈ ရက်နေ့အထိ စာတွေ့လက်တွေ့လေ့ကျင့်သင်ကြားပြသပေးမည်ဖြစ်ကြောင်း သိရသည်။
https://t.me/MyanmarNationalPost



ليست هناك تعليقات:
إرسال تعليق