Pages

Pages

ဂွမြို့နယ်တွင် (၇၈)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့အခမ်းအနား ကျင်းပ

 




ဂွ   ၊ မေ     ၅

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင် (၇၈)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့အခမ်းအနားကို ယနေ့နံနက်(၇)နာရီ အချိန်က မြို့နယ်မီးသတ်ဦးစီးဌာနခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇာနည်ကျော်က (၇၈)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ မိန့်ခွန်းအား ပြောကြားခဲ့သည်။ ဆက်လက်၍ အရန်မီးသတ်ဒုတပ်ခွဲမှူး ဦးသန်းဦးနှင့် အရန်မီးသတ်တပ်စုမှူး ဦးရဲစိုးတို့အား မြို့နယ်မီးသတ်ဦးစီးမှူး ဦးမျိုးမင်းထွန်းနှင့် အရန်မီးသတ်ဒုတပ်ရင်းမှူး ဦးစောသိန်းချိုတို့ကတစ်ဆင့်မြင့်ရာထူး အဆင့်တံဆိပ်အား တပ်ဆင်ပေးခဲ့ကြပြီး အခမ်းအနား အောင်မြင်စွာ ပြီးမြောက်ခဲ့ကြောင်းသိရသည်။ ထို့နောက် အခမ်းအနားသို့ တက်ရောက်လာသည့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များက အခမ်းအနားတွင် ခင်းကျင်းပြသထားသည့် ရှာဖွေကယ်ဆယ်ရေးပစ္စည်းများအား လှည့်လည်ကြည့်ရှုခဲ့ကြကြောင်းသိရသည်။

ရွှေရည်ဝင်းကျော်

https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق