Pages

Pages

ရွှေတောင်မြို့နယ်တွင် ရွေ့လျားဆေးကုသယာဥ်ဖြင့် ကွင်းဆင်း ဆေးကုသမှုများဆောင်ရွက်




ရွှေတောင် ၊ မေ ၂၉

ပဲ ခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် လူမှုဖူလုံရေးရုံးတွင်အကျုံးဝင်မှတ်ပုံတင်ထားသောအာမခံအလုပ်သမားများအားရွေ့လျားဆေးကုသယာဥ်ဖြင့် ကွင်းဆင်း ဆေးကုသး ခြင်းလုပ်ငန်း များကိုဆာင်ရွက်လျက်ရှိရာယမန်နေ့ နံနက် ပိုင်းက ရွှေတောင်အမှတ် ( ၁)  ချည်မျှင်နှင့် အထည်စက်ရုံတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

        ရွှေတောင်မြို့နယ်အနေဖြင့် လူမှုဖူလုံရေးရုံးတွင်အကျုံးဝင်မှတ်ပုံတင်ထားသောအာမခံအလုပ်သမား ( ၂၀၃၁) ဦးရှိပြီး ရွှေတောင်အမှတ် ( ၁)  ချည်မျှင်နှင့် အထည်စက်ရုံရှိ ဝန်ထမ်းများအား မြို့နယ်လူမှုဖူလုံရေးစီဦးဌာနနှင့် သက်ဆိုင်ရာ ဆရာဝန်များကဓါတ်ခွဲစမ်းသပ်မှုများဆောင်ရွက်ပေးရာနာမည်စာရင်းရေးသွင်းပြီး B.P/Height/ Weigh ချိန်ခြင်း၊ Computer စာရင်းသွင်းခြင်း၊ ဆရာဝန် ပြသခြင်း၊ဆေးဝါးများထုတ်ပေးခြင်း၊ သွေးဖောက်စစ်ဆေးခြင်းနှင့် E.C.Gဆွဲခြင်းလုပ်ငန်းများကိုဆောင်ရွက်ပေးခဲ့ကြကြောင်းသိရသည်။


ကိုကိုမင်း 

https://t.me/MyanmarNationalPost

No comments:

Post a Comment