ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ၊လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးအောင်သောင်းထိုက် ရွှေတောင်မြို့နယ်အတွင်းရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး - Myanmar National Post

Myanmar National Post

News Agency

Breaking

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ၊လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးအောင်သောင်းထိုက် ရွှေတောင်မြို့နယ်အတွင်းရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

  




ရွှေတောင်  မေ-၅

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ၊လုံခြုံရေးနှင့် နယ်စပ် ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်သောင်းထိုက်သည် တိုင်းဒေသကြီး ၊ခရိုင်၊မြို့နယ် အဆင့် ဌာနဆိုင်ရာအကြီးအကဲများ လိုက်ပါ၍ ယမန်နေ့ ညနေပိုင်းက ရွှေတောင်မြို့နယ်အတွင်းရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။

     ထိုသို့ ကြည့်ရှုစစ်ဆေးရာတွင် ရွှေတောင်မြို့နယ် ၊ ကြို့ကုန်းကျေးရွာအုပ်စု၊ ကွင်းအမှတ် (၄၁၇A) ကွင်းအတွင်းရှိ တောင်သူ ဦးလင်းလင်း၏  ဗီယမ်နမ်စပါးမျိုး မျိုးသန့်မျိုးထုတ်နည်းဖြင့် (၇)ဧက နှင့် Drum Seeder နည်းဖြင့် (၆)ဧက စုစု ပေါင်း (၁၃)ဧက စံပြကွက် အောင်မြင်ဖြစ်ထွန်းမှု အခြေအနေအား ကွင်းဆင်း ကြည့်ရှု စစ်ဆေးခဲ့သည်။

    ဆက်လက်၍ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ၊လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်သောင်းထိုက်သည်  ဝါးတောကျေးရွာအုပ်စု နှင့် မီးလောင် ကျေးရွာအုပ်စု၊ ကွင်းအမှတ် (၄၄၈ ၊ ၄၄၉)ရှိ ဆည်ကြီးကုန်း ဆည်ရေဖြင့်  ဒေသခံတောင်သူများမှ  နွေနှမ်း (ဂွကြောနက်မျိုး) (၁၂၄)ဧက စိုက်ပျိုးထားရှိမှုနှင့် အောင်မြင်ဖြစ်ထွန်းနေမှု အခြေအနေများအား  ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့ပြီး လုပ်ငန်းလိုအပ်အပ်ချက်များအပေါ် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)