Pages

Pages

ရွှေတောင်မြို့နယ်၌ ၂၀၂၄ - ၂၀၂၅ ပညာသင်နှစ် မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပ

 



ရွှေတောင် ၊  မေ ၃၀

ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊ရွှေတောင်မြို့နယ်အခြေခံပညာနှင့် စက်မှု ၊စိုက်ပျိုး၊မွေးမြူရေးအထက်တန်းကျောင်း ရတနာခန်းမတွင် ယနေ့နံနက်ပိုင်းက ၂၀၂၄ - ၂၀၂၅ ပညာသင်နှစ် မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပခဲ့သည်။ 

   အခမ်းအနားတွင် အထက- ရွှေတောင် ကျောင်းသား၊ကျောင်းသူ လေးများက "မြန်မာ့ကျောင်း" သီချင်းသီဆို၍ အခမ်းအနားဖွင့်လှစ်ခဲ့ပြီး ရွှေတောင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၊အဖွဲ့ဝင် ( ၂) ဦးကျော်လွင်က အဖွင့်အမှာစကားပြောကြားခဲ့သည်။

   ဆက်လက်၍  နိုင်ငံတော်မှ အခမဲ့ထောက်ပံ့သောကျောင်းသုံးပြဌာန်းစာအုပ်များနှင့် ဗလာစာအုပ် ဘောပင်၊ ခဲကျောတံ၊ ကျောင်းဝတ်စုံများကို တာဝန်ရှိသူများက ထောက်ပံ့ပေးအပ်ခဲ့ရာ သက်ဆိုင်ရာ ကျောင်းအုပ်ကြီးများက လက်ခံရယူခဲ့သည်။ထို့ နောက် အထက- ရွှေတောင် ကျောင်းသား၊ကျောင်းသူ လေးများက "ဇာတိမာန်" သီချင်းဖြင့်သီဆို၍ အခမ်းအနားကို ရုတ်သိမ်းခဲ့ကြောင်းသိရသည်။ 

ကိုကိုမင်း

https://t.me/MyanmarNationalPost

No comments:

Post a Comment