Pages

Pages

ဂွမြို့နယ်၊ လူထုအခြေပြုဗဟိုဌာန၌ အင်္ဂလိပ်စာ အခြေခံ သင်တန်း ဖွင့်လှစ်





ဂွ ၊  မေ  ၆


ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင်နွေရာသီကျောင်းပိတ်ရက်များ၌ ကျောင်းသား၊ ကျောင်းသူများ အချိန်ကို တန်ဖိုးရှိရှိအသုံးချတတ်စေရန်နှင့် ဘက်စုံ  ထူးချွန်ထက်မြက်သော လူငယ်လူရွယ်များဖြစ်လာစေရန် ရည်ရွယ်၍ အင်္ဂလိပ်စာအခြေခံသင်တန်းကို ယနေ့ နေ့လယ် (၁) နာရီအချိန်က စတင်ကာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre )ခန်းမ၌ ဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာ  ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ရွှေရည်ဝင်းကျော်က အင်္ဂလိပ်စာ အခြေခံ သင်ကြားရေးနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး သင်တန်းအားစတင်သင်ကြားခဲ့ကြောင်းနှင့် သင်တန်းကို မေလ ၆ရက်နေ့မှ ၂၀ရက်နေ့အထိ အခမဲ့ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ပြီး အခြေခံပညာကျောင်းများမှ ကျောင်းသားကျောင်းသူ (၂၀)ဦး တက်ရောက်သင်ကြားလျက်ရှိကြောင်းသိရသည်။


ရွှေရည်ဝင်းကျော်

https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق