ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ၊လူမှုရေးဝန်ကြီး ဦးမျိုးအောင်နှင့် တွေ့ဆုံပွဲ ရွှေတောင်မြို့၌ ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ၊လူမှုရေးဝန်ကြီး ဦးမျိုးအောင်နှင့် တွေ့ဆုံပွဲ ရွှေတောင်မြို့၌ ကျင်းပ






ရွှေတောင် ၊  မေ   ၈

ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊ရွှေတောင်မြို့နယ် အခြေခံပညာနှင့် စက်မှု၊စိုက်ပျိုး မွေးမြူရေးအထက်တန်းကျောင်း၊ ရတနာခန်းမတွင် ယနေ့နံနက် (၈း၀၀) နာရီ အချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့  လူမှုရေးဝန်ကြီး ဦးမျိုးအောင်နှင့် တွေ့ဆုံပွဲ အခမ်းအနားကျင်းပခဲ့သည်။

    အခမ်းအနားတွင် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့  လူမှုရေးဝန်ကြီး ဦးမျိုးအောင်က အဖွင့်အမှာစကားပြောကြားရာတွင် ၂၀၂၄- ၂၀၂၅  ပညာသင်နှစ် ကျောင်းများပြန်လည်ဖွင့်လှစ်နိုင်ရေး၊အခြေခံလိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်ပေးမည့် ကိစ္စရပ်များ၊ ကျောင်းသား၊ကျောင်းသူများ စိတ်ချမ်းမြေ့စွာဖြင့် အေးချမ်းစွာ ပညာသင်ကြားနိုင်ရေး ကိစ္စရပ်များကိုဆွေးနွေးမှာကြားခဲ့ပြီး အစိုးရစက်မှုလက်မှုသိပ္ပံ ပြည်မြို့ ကျောင်းအုပ်ဆရာကြီး ဦးမင်းဇော်ဦးက စက်မှုဘာသာရပ်ဆိုင်ရာ သိကောင်းစရာများ၊ ပြည်ခရိုင် စိုက်ပျိုးရေးဦးစီးဌာန ခေတ္တ ဒုတိယ တိုင်းဒေသကြီး ဦးစီးမှူး ဦးအောင်စိုးမိုးက စိုက်ပျိုးရေး ဘာသာရပ်ဆိုင်ရာ သိကောင်းစရာများ၊ ပြည်ခရိုင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါက်တာသန်းဇော်ဦးက မွေးမြူရေးဘာသာရပ်ဆိုင်ရာ သိကောင်းစရာများကို အသီးသီး အသိပေးဆွေးနွေးခဲ့ကြရာ တက်ရောက်လာသော ကျောင်းသား မိဘများ နှင့်ကျောင်းသား၊ကျောင်းသူလေးများကသိရှိလိုသည်များကိုပြန်လည်မေးမြန်းခဲ့ကြသည်။

     ထို့နောက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့  လူမှုရေးဝန်ကြီး ဦးမျိုးအောင်မှ နိဂုံးချုပ် အမှာ

စကားပြောကြားခဲ့သည်။အဆိုပါ တွေ့ဆုံပွဲ အခမ်းအနားသို့ ပြည်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးသိန်းအောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌဦးဟံဝင်းအောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ ၊ဆရာ/ဆရာမများ၊ ကျောင်းသား မိဘများ၊ ကျောင်းသား၊ကျောင်းသူများ စုစုပေါင်း အင်အား (၁၉၅) ဦးခန့်  တက်ရောက်ခဲ့ကြကြောင်းသိရသည်။

      ထိုသို့ ဆောင်ရွက်ပြီးနောက်ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ၊လူမှုရေးဝန်ကြီး ဦးမျိုးအောင်သည် စက်မှု၊စိုက်ပျိုးမွေးမြူရေး အထက်တန်း ကျောင်း  (ရွှေတောင်) ရှိ နှစ်ထပ် ကျောင်းဆောင်သစ် ဆောက်လုပ်ပြီးစီးမှု အခြေအနေအား ကြည့်ရှုစစ် ဆေး၍ လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ ကြောင်းသိရသည်။


ကိုကိုမင်း 

https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)