ကမ္ဘာ့အလုပ်သမားနေ့ကို ဂုဏ်ပြုသောအားဖြင့် မြဝတီမြို့နယ်ကုန်တင်ကုန်ချကော်မတီရုံးမှ အထိမ်းအမှတ်အခမ်းအနားနှင့် ဆုချီးမြှင့်ပွဲကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ကမ္ဘာ့အလုပ်သမားနေ့ကို ဂုဏ်ပြုသောအားဖြင့် မြဝတီမြို့နယ်ကုန်တင်ကုန်ချကော်မတီရုံးမှ အထိမ်းအမှတ်အခမ်းအနားနှင့် ဆုချီးမြှင့်ပွဲကျင်းပ






မြဝတီ၊ မေ ၁

ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့၌မေ၁ရက်တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ ကမ္ဘာ့အလုပ်သမားနေ့ကို ဂုဏ်ပြုသောအားဖြင့် ကရင်ပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်ကွပ်ကဲမှုအောက်ရှိ ​မြဝတီမြို့နယ် ကုန်တင်ကုန်ချကော်မတီရုံး (ကာယ၊ ဉာဏ) ပြည်သူ့ဝန်ထမ်း လုပ်သားကြီးများအား ဂုဏ်ပြုပွဲနှင့် ဖူဆယ်ဘောလုံးပြိုင်ပွဲ တွင်ဆုရရှိသူများအား ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက်၈နာရီက အမှတ်၁အခြေခံပညာအထက်တန်း ကျောင်းခန်းမဆောင်၌ ကျင်းပသည်။

ဦးစွာ အခမ်းအနားကို ကရင်ဒုံးယိမ်းအကဖြင့် စတင်ဖွင့်လှစ်ပေးခဲ့ပြီး နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူသတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ ပေးပို့သော ၂၀၂၄ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာအလုပ်သမားနေ့ သဝဏ်လွှာကိုမြဝတီခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကောင်းစံလင်းက ဖတ်ကြားပေးသည်။ ဆက်လက်၍ ဖူဆယ်ဘောလုံးပြိုင်ပွဲတွင်ဆုရရှိသူများနှင့်ကာယ၊ ဉာဏထူးချွန်လုပ်သားဝန်ထမ်းများအား မြဝတီခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကောင်းစံလင်းနှင့် ခရိုင်စီမံအဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်လွင်နှင့် မြို့နယ်စီမံအဖွဲ့ဝင်များ၊ ခရိုင်နှင့်မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများက ဆုများအသီးသီးပေးအပ်ချီးမြှင့်သည်။

ထိုနောက်မြဝတီမြို့နယ် ကုန်တင်ကုန်ချကော်မတီရုံးမှ မြိုနယ်ဦးစီးဌာနမှူးဦးနိုင်စိုးက ကျေးဇူးတင်စကားပြန်လည်ပြောကြားပေးပြီး ပြည်သူ့ဝန်ထမ်းအလုပ်သမားတစ်ဦးက "မောင်အလုပ်သမား" တေးသီချင်းဖြင့် ဂုဏ်ပြုသီဆိုပေးသည်။

အဆိုပါ အခမ်းအနားသို့ ခရိုင်/မြို့နယ် အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ကာယ၊ဉာဏ လုပ်သားကြီးများနှင့် ဖိတ်ကြားထားသောဧည့်သည် ၂၅၀ ဦးခန့်တက်ရောက်ခဲ့ကြောင်း သိရသည်။


Join - https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)