နေပြည်တော်၊ မေ ၇
အမျိုးသားမြေဥပဒေရေးဆွဲပြုစုရေးနှင့် မြေစီမံခန့်ခွဲမှုဆိုင်ရာဥပဒေများ သဟဇာတဖြစ်ရေးလုပ်ငန်း ကော်မတီ၏ စတုတ္ထအကြိမ်အစည်းအဝေးကို ယမန်နေ့က နေပြည်တော်ရှိ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် လုပ်ငန်းကော်မတီဥက္ကဋ္ဌ (၁) ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်က အဖွင့်အမှာ စကားပြောကြားပြီး လုပ်ငန်းကော်မတီအတွင်းရေးမှူး ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ပထမမူကြမ်းပါအခန်းများ ဖွဲ့စည်းဆောင်ရွက်ထားမှုအခြေအနေကို ဖတ်ကြားတင်ပြသည်။ ထို့နောက် တက်ရောက်လာကြသည့် ကော်မတီဝင်များက မူကြမ်းအပေါ် စိစစ်ဆွေးနွေး ခဲ့ကြသည်။
Join - https://t.me/MyanmarNationalPost

ليست هناك تعليقات:
إرسال تعليق