မက်မန်းမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် ဒေသဖွံ့ဖြိုးတိုးတက်ရေး အစည်းအဝေးကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

မက်မန်းမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် ဒေသဖွံ့ဖြိုးတိုးတက်ရေး အစည်းအဝေးကျင်းပ



မက်မန်း၊ မေ ၂

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။

အဆိုပါအစည်းအဝေးတွင် မက်မန်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းလင်အောင်က ဒေသဖွံ့ဖြိုးတိုးတက်ရေးအစည်းအဝေး၌ အမှာစကားပြောကြားရာတွင် စိုက်ပျိုးရေးတောင်သူများ အတွက်  သဘာဝမြေဩဇာပြုလုပ်နည်းသရုပ်ပြမှုအား အေးကျန့်ကျေးရွာအုပ်စု တောင်သူဦးသက်နိုင်၏ ခြံတွင် ပြသနိုင်ရေး ကြိုတင်ဆောင်ရွက်ထားရန်၊ ရက်သတ္တပတ်ကျောင်းအပ်နှံရေးအတွက် ပညာရေးဌာနမှ ကြိုတင်ပြင်ထားရန်၊ ကိုဗစ်ကာကွယ်ဆေးထိုးနှံရေးအတွက် ကျန်းမာရေးဌာနမှ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိရန်၊ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ မိုးရာသီသစ်ပင်စိုက်ပျိုးနိုင်ရေးအတွက် ပျိုးပင်များအား ကြိုတင်ပြင်ဆင်ထားရှိရန်နှင့် ယခင်စိုက်ပျိုးထားသော သစ်ပင်များ၏ ရှင်သန်ဖွံ့ဖြိုးတိုးတက်မှုအား သစ်တောဦးစီးဌာနမှ စာရင်းပြုစုထားရှိရန် ဦးဆောင်ဆွေးနွေးမှာကြားခဲ့သည်။

ထို့နောက် တက်ရောက်လာကြသော ဌာနဆိုင်ရာများက ဆောင်ရွက်ပြီးစီးမှုအခြေအနေ၊ ဆောင်ရွက်ဆဲအခြေအနေနှင့် အခက်အခဲများ၊ အားသာချက်၊ အားနည်းချက်များကို တင်ပြကြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းလင်အောင်က လိုအပ်သည်များကို ပေါင်းစပ်ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။


စောဥမ္မာ

Join - https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)