အကြမ်းဖက်အန္တရာယ် နှိမ်နင်းကာကွယ်ရေး ရှေ့တန်းစစ်မြေပြင်တွင် တာဝန်ထမ်းဆောင်နေရသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များထံ စားသောက်ဖွယ်ရာများ သွားရောက်ပို့ဆောင် - Myanmar National Post

Myanmar National Post

News Agency

Breaking

အကြမ်းဖက်အန္တရာယ် နှိမ်နင်းကာကွယ်ရေး ရှေ့တန်းစစ်မြေပြင်တွင် တာဝန်ထမ်းဆောင်နေရသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များထံ စားသောက်ဖွယ်ရာများ သွားရောက်ပို့ဆောင်



နေပြည်တော်၊ မေ ၄

ပေါက်ကိုယ်တော်နှင့် အမျိုးသားရေးအင်အားစုများက အကြမ်းဖက်အန္တရာယ် နှိမ်နင်းကာကွယ်ရေး ရှေ့တန်းစစ်မြေပြင်တွင် တာဝန်ထမ်းဆောင်နေရသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် စားသောက်ဖွယ်ရာများ စီမံပြီး ယနေ့ သွားရောက်ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

ဆရာတော်က "လုံခြုံရေးတပ်ဖွဲ့ဝင် ၁၀၀၀ အတွက်ပေါ့၊ ကိုယ်တိုင်စနစ်တကျ လုပ်ထားတဲ့ ဆိတ်သားထောင်းကျော် (၄၅၀)ဗူး၊ ခေါက်ဆွဲခြောက် (၁၄၄၀) ထုတ်၊ ဘီစကစ် (၉၄၀)ထုတ်၊ လက်ဖက် (၉)ဖာ၊ ငပိ (၅၀၀)ဗူး၊ မားဗီးယပ်စ် ၅ထောင့်၊ ဆေးပေါလိပ် (၅၄)ထုတ်၊ ကော်ဖီမစ် (၅၆)ထုတ် ပါတယ်။ ဦးဇင်းကတော့ မကြာခဏ အခုလို စီစဉ်ပြီး ပို့ဆောင်ပေးနေတာပါ။ အဓိကအားဖြင့်တော့ ပင်ပင်ပန်းပန်း တာဝန်ထမ်းဆောင်နေကြတဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့ နောက်မှာ တကယ်ကို တပ်မတော်ကို ချစ်တဲ့ ရဟန်းရှင်လူ ပြည်သူတွေ ရှိတယ်။ အမြဲတမ်း တသားတည်း ရပ်တည်နေတယ်ဆိုတာကို သူတို့ သိမယ်။ သူတို့အတွက် ပီတိဖြစ်စေပါတယ်။ နောင်ချိုမြို့နယ်ထဲမှာ အကြမ်းဖက်သမားတွေ ခြေကုတ်ယူထားတဲ့ အခြေအနေကလည်း သိတဲ့အတိုင်းပဲ။ အဲဒီမှာ အကြမ်းဖက်နှိမ်နင်းရေး လုပ်နေရတဲ့ အဖွဲ့တွေအတွက် ပို့ဆောင်ပေးခဲ့ပါတယ်။" ဟု မိန့်ကြားသည်။

နောင်ချိုမြို့နယ်တွင် NLD လွှတ်တော်အမတ်ဟောင်း ထွန်းထွန်းဟိန်နှင့် သူ၏သမီး မေသင်္ကြန်ဟိန်တို့ က ဦးဆောင်၍ အကြမ်းဖက်လှုပ်ရှားမှုကို လှုံ့ဆော်ခဲ့ပြီး ယခုအခါ TNLA, PDF အကြမ်းဖက်သမားများ ခိုအောင်းနေထိုင်၍ အကြမ်းဖက်လုပ်ရပ်များ ကျူးလွန်နေခြင်းကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက နှိမ်နင်းနေရခြင်းဖြစ်သည်။


Join - https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)