လှိုင်သာယာ(အရှေ့ပိုင်း) မြို့နယ်အတွင်းရှိ ယာယီရွှေ့ပြောင်းနေထိုင်သူများအား ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ထုတ်ပေး - Myanmar National Post

Myanmar National Post

News Agency

Breaking

လှိုင်သာယာ(အရှေ့ပိုင်း) မြို့နယ်အတွင်းရှိ ယာယီရွှေ့ပြောင်းနေထိုင်သူများအား ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ထုတ်ပေး


နေပြည်တော်၊ မေ ၅

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့က ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်ရှိ ကနောင်ခန်းမ၌ ယာယီရွှေ့ပြောင်းနေထိုင်သူများအား ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ထုတ်ပေးနေမှုကို သွားရောက်ကြည့်ရှုအားပေးသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် လှိုင်သာယာ(အရှေ့ပိုင်း) မြို့နယ်အတွင်းရှိ ယာယီရွှေ့ပြောင်းနေထိုင်သူများအား သက်ဆိုင်ရာမြို့နယ်(၅)ဦး ကော်မတီအဖွဲ့ဝင်များက စိစစ်မေးမြန်းအတည်ပြုဆောင်ရွက်နေမှု၊ (၅)ဦးကော်မတီ၏ ထောက်ခံချက်အရ မြို့နယ်ရုံးဝန်ထမ်းများက လူတစ်ဦးချင်းစီ၏ ကိုယ်ရေးအချက်အလက်များ သတ်မှတ်ပုံစံများတွင် ဖြည့်သွင်းဆောင်ရွက်၍ လုပ်ထုံးလုပ်နည်းနှင့်အညီ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ် ထုတ်ပေးရေးလုပ်ငန်းစဉ် အဆင့်ဆင့်ဆောင်ရွက်နေမှုကို လှည့်လည်ကြည့်ရှုရာ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးက အချက်အလက်များ မှန်ကန်စေရေးအတွက် ကာယကံရှင် ပြည်သူများအား သေချာစွာမေးမြန်းဖြည့်သွင်းရေး၊ နိုင်ငံသားကတ်ထုတ်ပေးနိုင်ရေးအတွက် ၎င်းတို့၏ အချက်အလက်များကို e-ID Server ရှိ အချက် အလက်များနှင့် စနစ်တကျတိုက်ဆိုင်စိစစ် ဆောင်ရွက်ရေး မှာကြားသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားကတ်ထုတ်ပေးပြီးသူများအား e-ID စနစ်ဖြင့် ကိုယ်ရေးအချက်အလက် (Biographic) နှင့် ဇီဝဆိုင်ရာအချက်အလက် (Biometric) တစ်ပါတည်းကောက်ယူ၍ ဂဏန်း(၁၀)လုံးပါ Unique ID နံပါတ်ထုတ်ပေးနေမှုအခြေအနေကို ကြည့်ရှုအားပေးပြီး ပြည်သူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်သည်။

အဆိုပါဆောင်ရွက်မှုတွင် လှိုင်သာယာ (အရှေ့ပိုင်း)မြို့နယ်အတွင်းရှိ ယာယီရွေ့ပြောင်းနေထိုင် သူများအား ပန်းခင်းစီမံချက် အဆင့်(၃)ဖြင့် အိမ်ထောင်စုလူဦးရေစာရင်း အစောင် ၇၀ နှင့် နိုင်ငံသားစိစစ်ရေးကတ် ၁၁၀ တို့အား စိစစ်ဆောင်ရွက်ထုတ်ပေး၍ နိုင်ငံသားကတ်ရရှိပြီး သူများအား e-ID စနစ်ဖြင့် Biometric ကောက်ယူကာ ဂဏန်း(၁၀)လုံးပါ Unique ID နံပါတ်များ တစ်ပါတည်း ထုတ်ပေးနိုင်ခဲ့ကြောင်း သတင်းရရှိသည်။


Join - https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)