ပြည်သူ့စစ်မှုထမ်းဥပဒေ ပြဋ္ဌာန်းချက်ပါ ပြည်သူ့စစ်မှုထမ်းဆောင်ခြင်း တာဝန်မှ ရွှေ့ဆိုင်းခွင့်ရသူများ - Myanmar National Post

Myanmar National Post

News Agency

Breaking

ပြည်သူ့စစ်မှုထမ်းဥပဒေ ပြဋ္ဌာန်းချက်ပါ ပြည်သူ့စစ်မှုထမ်းဆောင်ခြင်း တာဝန်မှ ရွှေ့ဆိုင်းခွင့်ရသူများ


ရွှေ့ဆိုင်းခွင့်

၁။  ပြည်သူ့စစ်မှုထမ်းဥပဒေပုဒ်မ၊   ၁၅(က)တွင်   ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေး ဗဟိုအဖွဲ့သည် ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေး တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အဖွဲ့မှ တင်ပြလာသော ဆင့်ခေါ်ခြင်းခံရသူများ၏ လျှောက်လွှာများကို   စိစစ်ရာတွင်  အောက်ပါအချက်များနှင့်  အကျုံးဝင်သော ပုဂ္ဂိုလ်များအား    ပြည်သူ့စစ်မှုထမ်းဆောင်ရမည့် တာဝန်မှ ယာယီရွှေ့ဆိုင်းနိုင်သည်ဟု ပြဋ္ဌာန်းထားပါသည်-

     (က)  ယာယီအားဖြင့် စစ်မှုထမ်းနိုင်မည့် ကျန်းမာရေး အဆင့်မမီကြောင်း သက်ဆိုင်ရာ တပ်မတော်ဆေးစစ်ရေး ဘုတ်အဖွဲ့၏ ထောက်ခံချက်ရရှိထားသူများ။

     (ခ)  နိုင်ငံ့ဝန်ထမ်းများ။

     (ဂ)  ပညာသင်ကြားနေသူများ။

     (ဃ)  အခြားပြုစုစောင့်ရှောက်မည့်သူ မရှိသော မိအိုဖအိုများကို ပြုစုလုပ်ကျွေးနေသူများ။

     (င)  မူးယစ်ဆေးဝါးဖြတ်ရန် ဆေးကုသမှုခံယူနေသူများ။

     (စ)  ထောင်ဒဏ်ကျခံနေသူများ။


၂။  ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေး ဗဟိုအဖွဲ့က ပြည်သူ့စစ်မှုထမ်းဆောင်ရမည့် တာဝန်မှ ရွှေ့ဆိုင်းခွင့်ပြုသူများ


     (က) ဆင့်ခေါ်ရေးအမိန့်စာ လက်ခံရရှိသည့်နေ့မှ သတ်မှတ်ထားသည့် နေ့ရက်အတိုင်း သတင်းပို့ခြင်း မပြုရသေးမီကာလအတွင်း မိဘတစ်ဦးဦးသော် လည်းကောင်း၊ အိမ်ထောင် သည်အမျိုးသားဖြစ်ပါက   ဇနီးသော် လည်းကောင်း ရုတ်တရက်သေဆုံးသွားခြင်း။

     (ခ) ဆင့်ခေါ်ရေးအမိန့်စာ လက်ခံရရှိသည့်နေ့မှ သတ်မှတ်ထားသည့် နေ့ရက်အတိုင်း သတင်းပို့ခြင်း မပြုရသေးမီကာလအတွင်း မတော်တဆ ဖြစ်ရပ်တစ်ခုခုကြောင့်ဖြစ်စေ၊ အခြား သူ၏ပယောဂတစ်ခုခုကြောင့်ဖြစ်စေ  ကိုယ်လက်အင်္ဂါ အစိတ်အပိုင်းတစ်ခုခု  အပြင်းအထန် ဒဏ်ရာရရှိသူဖြစ်ခြင်း။

     (ဂ)  ဥပဒေနှင့်အညီ ချုပ်နှောင်ခံနေရသူ၊ သို့မဟုတ် တရားရုံးတစ်ခုခုတွင် အမှုရင်ဆိုင် နေရသူဖြစ်ခြင်း။

     (ဃ) နိုင်ငံတော်၏လိုအပ်ချက်အရ ပညာရပ်များကို လေ့လာသင်ယူနေသူဖြစ်ခြင်း။

     (င) ပြည်သူ့စစ်မှုထမ်းရမည့် တာဝန်မှ ယာယီရွှေ့ဆိုင်းပေးရန် မဖြစ်မနေ လိုအပ်နေသူဖြစ်ခြင်း။


Join - https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)