ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းရေးဆိုင်ရာ သတင်းနှင့်ပြန်ကြားရေးလုပ်ငန်းကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းရေးဆိုင်ရာ သတင်းနှင့်ပြန်ကြားရေးလုပ်ငန်းကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ


နေပြည်တော်၊ မေ ၈

ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းရေးဆိုင်ရာ သတင်းနှင့်ပြန်ကြားရေးလုပ်ငန်းကော်မတီ (၁/၂၀၂၄) လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့က နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးသို့ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းရေးဆိုင်ရာ သတင်းနှင့်ပြန်ကြားရေးလုပ်ငန်းကော်မတီအဖွဲ့ဝင်များ တက်ရောက်ကြသည်။

ဦးစွာ သတင်းနှင့်ပြန်ကြားရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဦးရဲတင့်က လက်ရှိအခြေအနေတွင် ဆူပူအကြမ်းဖက်မှုများကြောင့် ယာယီနေရပ်စွန့်ခွာသူများရှိနေပြီး ၎င်းတို့တွင် ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေးနှင့် စားဝတ်နေရေးအခက်အခဲများရှိနေကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် သက်ဆိုင်ရာတိုင်းဒေသကြီး၊ ပြည်နယ်များတွင် တည်ငြိမ်အေးချမ်းရေးနှင့် ပုံမှန်အခြေအနေရောက်အောင် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ ထို့အတူ ယာယီနေရပ်စွန့်ခွာသူများ နေထိုင်စားသောက်ရေးအဆင်ပြေအောင် ကူညီထောက်ပံ့ပေးလျက်ရှိကြောင်း။

သို့သော် ကူညီထောက်ပံ့ပေးမှုများသည် ယာယီသာဖြစ်နိုင်ပြီး တည်ငြိမ်အေးချမ်းပြီး ကိုယ့်ဒေသကိုယ် ပြန်နိုင်သည့်အချိန်တွင် ပြန်ကြခြင်းဖြင့် အစစအရာရာအဆင်ပြေနိုင်ကြောင်း၊ နိုင်ငံတော်ကလည်း သက်ဆိုင်ရာဒေသများတွင် တည်ငြိမ်အေးချမ်းမှုရှိရေးနှင့် လိုအပ်သည့်ပြန်လည်ထူထောင်နိုင်ရေး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိပြီး ကိုယ့်ဒေသကိုယ်အဆင်ပြေစွာပြန်နိုင်ရေး ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ထို့ကြောင့် ယာယီနေရပ်စွန့်ခွာသူများအနေဖြင့် ဌာနအလိုက်ဆောင် ရွက်ပေးနေမှုများကို ကျယ်ကျယ်ပြန့်ပြန့်သိရှိပြီး သင့်တော်သည့်အချိန်ကာလတွင် နေရပ်ပြန်နိုင်ရေး ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် သတင်းနှင့် ပြန်ကြားရေးလုပ်ငန်း ကော်မတီအတွင်းရေးမှူးက ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းရေးဆိုင်ရာ သတင်းနှင့်ပြန်ကြားရေး လုပ်ငန်းကော်မတီ၏ ဆောင်ရွက်ချက်များ၊ ဆက်လက်ဆောင်ရွက်မည့်အစီအစဉ်များ၊ ဆွေးနွေးချက်များကို အမျိုးသားအဆင့်ကော်မတီသို့ တင်ပြဆောင်ရွက်နိုင်ရေးနှင့်စပ်လျဉ်း၍ ဆွေးနွေးတင်ပြသည်။

ယင်းနောက် သတင်းနှင့်ပြန်ကြားရေးလုပ်ငန်း ကော်မတီအဖွဲ့ဝင်များဖြစ်ကြသည့် မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင် ရေးညွှန်ကြားရေးမှူးရုံး၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာန၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာနနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနတို့မှ တာဝန်ရှိသူများက ကဏ္ဍအလိုက်ဆောင်ရွက်နေမှုများကို ဆွေးနွေးတင်ပြကြသည်။

တင်ပြချက်များအပေါ် ဒုတိယဝန်ကြီးက ပေါင်းစပ်ညှိနှိုင်းဆွေးနွေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့သည်။


Join - https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)