ရမည်းသင်း မြို့နယ်၌ လေဘေးသင့် အိမ်ထောင်စုဝင်များ အားထောက်ပံ့ငွေနှင့်ပစ္စည်းများ ထောက်ပံပေးအပ် - Myanmar National Post

Myanmar National Post

News Agency

Breaking

ရမည်းသင်း မြို့နယ်၌ လေဘေးသင့် အိမ်ထောင်စုဝင်များ အားထောက်ပံ့ငွေနှင့်ပစ္စည်းများ ထောက်ပံပေးအပ်



ရမည်းသင်း၊  မေ  ၁

မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်၊ သစ်ဆုံကြီး အုပ်စု၊ လွှစင် အုပ်စု၊အနောက်ဂွေးကုန်းအုပ်စုနှင့် ကမ္မအုပ်စုတို့တွင် ဧပြီလ ၂၉ရက်နှင့်  ၃၀ ရက်နေ့ ညနေ ၄နာရီခွဲ အချိန်ခန့်၌ မိုးသက် လေပြင်းကျပြီး  နေအိမ်အမိုးများ ပျက်စီးခြင်းနှင့် ပြိုကျခဲ့သော လေဘေးသင့် နေအိမ်များအား ယနေ့နံနက် ၈ နာရီခွဲ အချိန်က ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့် ရမည်းသင်းခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနတို့မှ တာဝန်ရှိသူများက သစ်ဆုံကြီးကျေးရွာဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌ ထောက်ပံ့ငွေနှင့်ပစ္စည်းများ သွားရောက်ပေးအပ်ခဲ့ကြောင်း သိရသည်။


ဆက်လက်၍ ကမ္မကျေးရွာ အုပ်စု လက်ပံတောကျေးရွာ ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံ၌ လက်ပံတောကျေးရွာနှင့် သစ္စေးကျေးရွာတို့ရှိ လေဘေးသင့် အိမ်ထောင်စု ဝင်များအား ထောင်ပံငွေနှင့် ပစ္စည်းများပေးအပ်ပွဲကို ကျင်းပြုလုပ်ခဲ့ကြသည်။


ရမည်းသင်းမြို့နယ်အတွင်း ဧပြီ ၂၉ ရက်နေ့က လွှစင်အုပ်စု၊ စိမ်းလဲ့မြိုင်ကျေးရွာ၌ နေအိမ်တစ်လုံး၊ သစ်ဆုံကြီးအုပ်စု၊ သစ်ဆုံကြီး ကျေးရွာ၌ နေအိမ် ၂၄ လုံး၊ ကမ္မ အုပ်စု၊ လက်ပံတော ကျေးရွာ၌ နေအိမ် ၁၁ လုံးနှင့် သစ္စေး ကျေးရွာ၌ နေအိမ်သုံးလုံး၊ ဧပြီ ၃၀ ရက်က ကမ္မ အုပ်စု၊ လက်ပံတောကျေးရွာ၌ နေအိမ်(၆)လုံး၊ သစ်ဆုံကြီးအုပ်စု၊ သစ်ဆုံကြီး ကျေးရွာ၌နေအိမ် (၂၉)လုံး၊ မြင်းခြံကျေးရွာ၌ နေအိမ် (၁၉) လုံး၊ သစ်ဆုံလေး ကျေးရွာ၌ နေအိမ်(၁၁)လုံး၊ အနောက်ဂွေးကုန်း အုပ်စု၊ သပြေပင်ကျေးရွာ၌ နေအိမ် (၂၀)လုံးတိုတွင် လေဘေးသင့် ပြိုကျ ပျက်စီးခဲ့သော နေအိမ်(၄)လုံးနှင့်အိမ်ထောင်စု(၁၂၄)စု အတွက် ဆန်ရိက္ခာနှင့် အိမ်ဆောက် ပစ္စည်းဝယ်ယူရန်အတွက် ငွေကျပ်(၇၃၈၁၆၀၀)၊ ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုးပါ ထောက်ပံ့ရေးပစ္စည်းပုံး (၄)ပုံးကို သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။


အဆိုပါ လေဘေးသင့် ပြည်သူများအား ထောက်ပံ့ပေးအပ်ပွဲသို့ခရိုင်စီမံအုပ်ချုပ်အဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ထွန်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမောင်ရွှေသိန်းနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ခရိုင်ဦးစီးမှူး ဒေါ်ဇင်မာအောင်နှင့် လေဘေးသင့်အိမ်ထောင်စုဝင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။


Join - https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)