ကသာမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား ကလပ်ပေါင်းစုံအသက် (၂၅)နှစ်အောက် ဖူဆယ်ဘောလုံးပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်း အနားပြုလုပ် - Myanmar National Post

Myanmar National Post

News Agency

Breaking

ကသာမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား ကလပ်ပေါင်းစုံအသက် (၂၅)နှစ်အောက် ဖူဆယ်ဘောလုံးပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်း အနားပြုလုပ်




ကသာ  ၊  မေ ၁


စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးမှူးကျင်းပသော မြို့နယ်ဥက္ကဋ္ဌဖလား ကလပ်ပေါင်းစုံ အသက် (၂၅)နှစ်အောက် ဖူဆယ်ဘောလုံးပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲကို ယမန်နေ့ ညနေ(၄)နာရီခွဲအချိန်က ခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာန မီတာ(၄၀၀)အားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။


အဆိုပါ ကလပ်ပေါင်းစုံ အသက် (၂၅)နှစ်အောက် ဖူဆယ်ဘောလုံးပြိုင်ပွဲကို ဧပြီ ၂၇ ရက်နေ့မှစတင်ခဲ့ရာ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာအုပ်စုများမှ ဘောလုံးအသင်း (၉)သင်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။ အုပ်စုပတ်လည်အားကစားပြိုင်ပွဲတွင် Pori Fied အားကစားအသင်းနှင့် Co2 အားကစားအသင်းတို့ ဗိုလ်လုပွဲ ယှဉ်ပြိုင်ကြရာ Pori Fied အားကစားအသင်းက (လေးဂိုး၊ နှစ်ဂိုး)ဖြင် အနိုင်ရရှိကာ ပထမဒိုင်းဆုကြီးကို ရရှိခဲ့ကြောင်း မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ မြို့နယ်ဦးစီးအရာရှိ ဦးမင်းထက်ထံမှ သိရသည်။


ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တဥက္ကဋ္ဌ ဗိုလ်မှူးနိုင်ဝင်းက (ပထမ)ရရှိသော Pori Fied ဖူဆယ် ဘောလုံးအသင်းအား ဒိုင်းဆုဖလားကိုလည်းကောင်း၊ ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲထွန်းကလည်းကောင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များမှ ဖူဆယ်ဘောလုံးအားကစားပြိုင်ပွဲတွင် နေရာအလိုက် အားကစားအကောင်းဆုံး ဆုရရှိကြသော အားကစားသမားများအား ဆုများအသီးသီးချီးမြှင့်ပေးအပ်ခဲ့ကြကြောင်း သိရသည်။ 


ကျော်စွာထွန်း(ကသာ)

https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)