Pages

Pages

ကျွန်းစုမြို့တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့ အခမ်းအနား ကျင်းပ





ကျွန်းစု၊ မေ ၃၁

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ယမန်နေ့ နံနက် (၁၀) နာရီ အချိန်က ကျွန်းစုမြို့၊ အခြေခံပညာအထက်တန်းကျောင်းရှိ ပညာ့ဗိမာန်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားကို အ-ထ-က ကျွန်းစုကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက “မြန်မာ့ကျောင်း” သီချင်းဖြင့် သီဆိုကာ ဖွင့်လှစ်ခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်စန်းဝင်းက အဖွင့်အမှာစကား ပြောကြားခဲ့သည်။

ဆက်လက်၍ မြို့နယ်ပညာရေးမှူး ဒေါ်ဝင်းမာက ကျောင်းနေအရွယ် ကလေးအားလုံး ကျောင်းအပ်နှံရေးနှင့် မြို့နယ်အဆင့် ကျောင်းအပ်နှံမှု အခြေအနေများကို ရှင်းလင်းဆွေးနွေးခဲ့သည်။

ထို့နောက် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် ပညာသင်ယူလျက်ရှိသော ကျောင်းသား၊ ကျောင်းသူများအား ထောက်ပံ့ပစ္စည်းများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ပေးအပ်ခဲ့ပြီး အ-ထ-က ကျွန်းစုကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက “ပညာ့ပန်းခင်း” သီချင်းဖြင့် သီဆိုဖျော်ဖြေကာ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။

ကျွန်းစုမြို့နယ်တွင် အထက်တန်းကျောင်း ၂၇ ကျောင်း၊ အလယ်တန်းကျောင်း ၆၂ ကျောင်း၊ မူလတန်းအဆင့် ၇၆ ကျောင်း ရှိပြီး မေလ (၂၉) ရက်နေ့အထိ ထက်၊ လယ်၊ မူ ကျောင်းသား၊ ကျောင်းသူ ၂၆၁၂၈ ဦး ကျောင်းအပ်နှံထားရှိပြီ ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးထံမှ သိရသည်။


ထက်မြင့်(ကျွန်းစု)

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment