ကော့သောင်းမြို့တွင် (၇၈) နှစ်မြောက်မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ အခမ်းအနားကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ကော့သောင်းမြို့တွင် (၇၈) နှစ်မြောက်မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ အခမ်းအနားကျင်းပ




ကော့သောင်း ၊  မေ  ၅


၂၀၂၄ ခုနှစ်၊ မေလ(၅)ရက်နေ့တွင် ကျရောက်သည့် (၇၈)နှစ်မြောက် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နေ့ကို ဂုဏ်ပြုသောအားဖြင့် မီးသတ်တပ်ဖွဲ့နေ့ အထိမ်းအမှတ်အခမ်းအနားများကို တိုင်းဒေသကြီး၊ ပြည်နယ်နှင့်မြို့နယ်‌ အသီးသီးတွင် ကျင်းပပြုလုပ်လျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် (၇၈)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ အခမ်းအနားကို ကော့သောင်းမြို့၊ ခရိုင်မီးသတ်ဦးစီးဌာနရုံးတွင် ပြုလုပ်ခဲ့သည်။

အဆိုပါအခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူးဦးစိုးအောင်မှ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ မိန့်ခွန်းပြောကြားပြီး တာဝန်ရှိသူများက မီးသတ်တပ်ဖွဲ့ဆိုင်ရာ ဂုဏ်ပြုဆုရရှိကြသော ကော့သောင်းခရိုင် သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များအား ဂုဏ်ပြုဆုနှင့် ဂုဏ်ပြုလက်မှတ်များပေးအပ်ခြင်းနှင့် မီးငြှိမ်းသတ်ရာ၌ ရေများလှူဒါန်းပေးပါသော စေတနာရှင်တစ်ဦးအား ဂုဏ်ပြုလက်မှတ်ပေးအပ်ခဲ့ပြီး အခမ်း အနားသို့ တက်ရောက်လာသူများအား (၇၈)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ Video ကလစ်အားပြသ၍ အခမ်းအနားအား ရုတ်သိမ်းခဲ့ကြသည်။ ယင်းနောက် ဧည့်သည်တော်များအား မနက်စာဖြင့် တည်ခင်းဧည့်ခံကျွေးမွေးခဲ့ကြပြီး တာဝန်ရှိသူများက မြေညီထပ်တွင် ပြသထားသော မီးငြှိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေးပစ္စည်းများ ၂၀၂‌၃-၂၀၂၄ ခုနှစ်အတွင်း ကော့သောင်းခရိုင်/ မြို့နယ်မီးသတ်ဦးစီးဌာန၏ ဆောင်ရွက်မှုမှတ်တမ်းဓာတ်ပုံများ လိုက်လံကြည့်ရှုခဲ့ကြပြီး ခရိုင်မီးသတ်ဦးစီးမှူး ဦးမျိုးသူဝင်းနှင့် တပ်ဖွဲ့ဝင်များကသိလိုသည်များအား ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါ (၇၈)နှစ်မြောက်မီးသတ်တပ်ဖွဲ့‌‌နေ့အခမ်းအနားသို့ စစ်ဗျူဟာအခြေချအဖွဲ့ (ကော့သောင်း)မှ စစ်ဗျူဟာမှူး၊ ခရိုင်နှင့်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ကော့သောင်းခရိုင်နှင့် မြို့နယ်သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များ တက်ရောက်ခဲ့ကြကြောင်းသိရသည်။


https://t.me/MyanmarNationalPost


ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)