မလှိုင်မြို့နယ်၌ နွေနှမ်းစိုက်တောင်သူများအား နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ (စိုက်ပျိုးရေးကဏ္ဍ)အတွက် ငွေကျပ်သိန်း(၄၀၀) ထုတ်ချေးပေး - Myanmar National Post

Myanmar National Post

News Agency

Breaking

မလှိုင်မြို့နယ်၌ နွေနှမ်းစိုက်တောင်သူများအား နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ (စိုက်ပျိုးရေးကဏ္ဍ)အတွက် ငွေကျပ်သိန်း(၄၀၀) ထုတ်ချေးပေး





မလှိုင်၊ မေ ၂

မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ် စီမံကိန်းကြီးကြပ်မှုကော်မတီမှကြီးမှူး၍ မလှိုင်မြို့နယ်၌ နွေနှမ်းသီးနှံစိုက်ပျိုးရန်အတွက် တိုင်းဒေသကြီးနိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ငွေကျပ်သိန်း(၄၀၀) လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲ(၂)နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဇေယျာအောင်သံ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။


ရှေးဦးစွာ မြို့နယ်စီမံကိန်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်က ချေးငွေထုတ်ချေးမှုနှင့်ပတ်သက်၍ တောင်သူများအနေဖြင့် လိုက်နာရမည့်အချက်များ၊ နွေနှမ်းများ အောင်မြင်ဖြစ်ထွန်းအောင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ နည်းပညာများနှင့်ပေါင်းစပ်ရယူ၍ စိုက်ပျိုးသွားကြရန်၊ ဆည်ရေရရှိမှု အခက်အခဲရှိပါက ချက်ချင်းသတင်းပို့သွားရန် ရှင်းလင်းပြောကြားခဲ့သည်။


ထို့နောက် မြို့နယ်စီမံကိန်းကြီးကြပ်မှုကော်မတီ အတွင်းရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ် ဦးစီးမှူး ဦးစန်းယုက တောင်သူများအား ဆီထွက်သီးနှံဖြစ်သည့် နှမ်း၊မြေပဲ၊ နေကြာ အထူးဇုန် ဆောင်ရွက်သွားမည်ဖြစ်သည့်အတွက် တောင်သူများ အစုအဖွဲ့အလိုက် ဖွဲ့စည်းလုပ်ကိုင်ရန် လိုအပ်ပါ ကြောင်း၊ မြေပဲတစ်ဧကလျှင်(၅၆)တင်း၊ နှမ်းတစ်ဧကလျှင် (၁၂)တင်း၊ နေကြာ(၂၅)တင်း ထွက်ရှိရန် သတ်မှတ်ထားပါကြောင်း၊ နွေနှမ်းသီးနှံကိုလည်း သတ်မှတ်ထားသည့် အထွက်နှုန်းရရှိရန် မျိုးကောင်းမျိုးသန့် ရွေးချယ်အသုံးပြုရန်၊ မြေကို စနစ်တကျပြုပြင်ရန်၊ ရေလုံလောက်စွာရရှိရန်နှင့် နည်းစနစ်မှန်ကန်စွာ စိုက်ပျိုးသွားကြရန် ရှင်းလင်းပြောကြားခဲ့သည်။  မိမိတို့ဌာန အနေဖြင့်လည်း တောင်သူများ၏ လိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသွားမည်ဖြစ်သည့်အတွက် နွေနှမ်းသီးနှံကို အောင်မြင်အောင် အလေး ထားဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားခဲ့သည်။


ထို့နောက် မြို့နယ်စီမံကိန်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်၊ အတွင်းရေးမှူး၊ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးစန်းယု၊ မြို့နယ်မြေစာရင်းဦးစီးမှူး ဦးအောင်ကိုကိုနှင့်  တာဝန်ရှိသူတို့က  နွေနှမ်းစိုက်ပျိုးမည့် တောင်သူတစ်ဦးချင်းအား တစ်ဧကလျှင် ငွေကျပ်(၂)သိန်းနှုန်းဖြင့် ဧက(၂၀၀)အတွက် ငွေကျပ်သိန်း(၄၀၀)ကို နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ (စိုက်ပျိုးရေး ကဏ္ဍ) အတွက် ထုတ်ချေးပေးခဲ့သည်။ မလှိုင်မြို့နယ်၌ နွေနှမ်းသီးနှံကို ရွာသစ်ကျေးရွာအုပ်စု၊ မန်ကျီးကုန်း ကျေးရွာ၊ ညံကန်ကျေးရွာ၊ ဖက်ကုန်းအုပ်စု၊ ဖက်ကုန်းရွာ၊ သုံးတောင်အုပ်စု၊ သုံးတောင်ကျေးရွာမှ တောင်သူ(၁၁၁)ဦးတို့က ဧက(၂၀၀) စိုက်ပျိုးသွားမည်ဖြစ်ကြောင်း သိရသည်။


အောင်ဌေး (မလှိုင်)

Join - https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)