ဘုတ်ပြင်းမြို့နယ်၌လူရည်ချွန်မောင်မယ်များအား ဂုဏ်ပြုကြိုဆိုအခမ်းအနား ပြုလုပ် - Myanmar National Post

Myanmar National Post

News Agency

Breaking

ဘုတ်ပြင်းမြို့နယ်၌လူရည်ချွန်မောင်မယ်များအား ဂုဏ်ပြုကြိုဆိုအခမ်းအနား ပြုလုပ်





ဘုတ်ပြင်း  ၊  မေ  ၆


၂၀၂၃-၂၀၂၄ ပညာသင်နှစ်၏ ထူးချွန်ထက်မြတ်သည့် လူရည်ချွန်မောင်မယ်ကျောင်းသား/သူများသည် လူရည်ချွန်စခန်းများသို့ လေ့လာရေးခရီးသွားရောက်ခဲ့ကြပြီး ယမန်နေ့ညနေပိုင်းတွင် ကော့သောင်းမြို့မှတဆင့် မော်တော်ယဉ်ဖြင့် ဘုတ်ပြင်းမြို့သို့ ရောက်ရှိလာရာ အ.ထ.က-ဘုတ်ပြင်းကျောင်းရှေ့၌ ဘုတ်ပြင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ခရိုင်ပညာရေးမှူးနှင့်ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဆရာ/မများ၊ တာဝန်ရှိသူများနှင့် ကျောင်းသား/သူများ၊ မိဘအုပ်ထိန်းသူများက ဂုဏ်ပြုပန်းကုံး၊ ပန်းစည်းများဖြင့် ဂုဏ်ပြုကြိုဆိုခဲ့ကြသည်။


ဆက်လက်၍ အဆိုပါကျောင်းခန်းမ၌ ဘုတ်ပြင်းခရိုင်ပညာရေးမှူး ဦးဉာဏ်ထွန်းက ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့်လူရည်ချွန်ကျောင်းသားကျောင်းသူများအား မိတ်ဆက်ပေးခြင်း၊ ယင်းနောက် ဘုတ်ပြင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်ဝင်းဌေးက လူရည်ချွန်မောင်မယ်များအနေဖြင့် နိုင်ငံတော်နှင့်ပြည်သူလူထုအတွက် အားထားရသည့် ထာဝရလူရည်ချွန်များဖြစ်အောင် အစဉ်အမြဲကြိုးပမ်းအားထုတ်သွားကြရန် လိုအပ်ပါကြောင်း၊ နိုင်ငံတော်အကြီးအကဲများအနေဖြင့်လည်း လူရည်ချွန်မောင်မယ်တွေကို နိုင်ငံ၏အနာဂတ်အတွက် ဦးဆောင်နိုင်တဲ့ ခေါင်းဆောင်ကောင်းများ ဖြစ်လာစေရန် ရည်မှန်းချက်ထားပြီး အများနှင့် စုပေါင်းနေထိုင်တတ်စေရန်၊ အများအကျိုးကို ဆောင်ရွက်နိုင်စေရန်၊ ကာယ၊ ဉာဏ၊ စာရိတ္တနှင့်ပြည့်စုံသည့် အနာဂတ်မျိုးဆက်သစ်များဖြစ်အောင် ပြုစုပျိုးထောင်ပေးကြရန်လိုအပ်ကြောင်း၊ နိုင်ငံတော်အကြီးအကဲ၏ စီစဉ်ပေးသည့် အပန်းဖြေစခန်းတွေကိုလည်း သွားရောက်ခဲ့ပြီး ဒေသန္တရဗဟုသုတတွေလည်း ရရှိခဲ့ကြသည့်အတွက် မိမိတို့လေ့လာတွေ့ရှိခဲ့သမျှကို သူငယ်ချင်း၊ ကျောင်းသား၊ ကျောင်းသူများကိုလည်း ပြန်လည်ဝေငှပေးစေလိုကြောင်း၊ ယခုနှစ်မှာ လူရည်ချွန်အရွေးခံရသလို နောင်လာမည့်နှစ်များတွင်လည်း ဆက်လက်ပြီး နှစ်ထပ်ကွမ်း၊ သုံးထပ်ကွမ်း၊ လေးထပ်ကွမ်းလူရည်ချွန်များအဖြစ် မြင်တွေ့ချင်၍ဆက်လက် ကြိုးစားကြစေလိုကြောင်း ဂုဏ်ပြုစကားပြောကြားသည်။


ထိုနောက် လူရည်ချွန်မောင်မယ်များကိုယ်စား နှစ်ထပ်ကွမ်းလူရည်ချွန် မောင်ညီဇော်နိုင်က လေ့လာရေးခရီးစဉ်အမှတ်တရများနှင့်အတွေ့အကြုံများအား ရှင်းလင်းတင်ပြပြီး၊ လူရည်ချွန်မောင်မယ်များအား ဂုဏ်ပြုဆုများ ပေးအပ်ခဲ့သည်။


၂၀၂၃ - ၂၀၂၄ ခုနှစ် ပညာသင်နှစ်အတွက် လူရည်ချွန်ရွေးချယ်ခြင်းခံရသည့် ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်ကိုယ်စားပြု အ.ထ.က-ဘုတ်ပြင်းကျောင်း ဧကာဒသမတန်းမှ မောင်ညီဇော်နိုင်နှင့် မသဇင်တို့ဖြစ်ကြောင်း သိရသည်။


ယင်းနောက် ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များနှင့်တာဝန်ရှိသူများက လူရည်ချွန်မောင်မယ်များနှင့်အတူ အမှတ်တရမှတ်တမ်းဓာတ်ပုံရိုက်ကူးခဲ့ပြီး လန်းဆန်းစာများဖြင့် ဧည့်ခံကျွေးမွေးခဲ့ကြကာ လူရည်ချွန်မောင်မယ်များက မြို့တွင်းသို့  ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ခဲ့ကြောင်း သိရသည်။

https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)