Pages

Pages

ပန်းတနော်မြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ စာဖတ်ဝိုင်း ကျင်းပ





ပန်းတနော်  ၊  မေ ၃၀


ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် (Youth Club) အဖွဲ့ဝင်များ ပူးပေါင်း၍ လူထုအခြေပြုဗဟိုဌာန (Community Centre) Meeting Room ခန်းမ၌ စာရေးဆရာ အောင်သစ် ရေးသားသည့်  “အနာဂတ်လူငယ်နှင့် နည်းဗျူဟာ” စာအုပ်ဖြင့် ယမန်နေ့ နံနက် (၁၀) နာရီက စာဖတ်ဝိုင်း‌ ကျင်းပပြုလုပ်ခဲ့သည်။


ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးကိုကိုမောင်က စာဖတ်ဝိုင်း ကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး တက်ရောက်လာကြသည့် (Youth Club) အဖွဲ့ဝင်များနှင့် စာပေဝါသနာရှင်များက စာရေးဆရာ အောင်သစ်ရေးသားသည့်  “အနာဂတ်လူငယ်နှင့် နည်းဗျူဟာ” စာအုပ်ပါ အကြောင်းအရာများဖြစ်သည့်  သန်းကြွယ်သူဌေးတို့၏ ဘဝအောင်မြင်ရေးလျှို့ဝှက်ချက်၊ သင့်အချိန်တွေကို အကောင်းဆုံးအသုံးချပါ၊ ရဲရဲတွေး၊ ရဲရဲလုပ်၊ သင့်ငွေကို ဘယ်နေရာမှာသုံးမလဲ၊ ဂျပန်တွေ ဘယ်လိုလုပ်ကြသလဲ၊ ထူးချွန်ထက်မြက်သူများနှင့် အာရုံစူးစိုက်မှု၊ ယုံကြည်မှုမရှိလျှင် ဘာမျှမရှိနိုင် စသည့်အကြောင်းအရာများအား အပြန်အလှန် ဆွေးနွေးခဲ့ကြောင်း သိရသည်။


ပြည့်ဖြိုးကျော်

https://t.me/MyanmarNationalPost

No comments:

Post a Comment