ရွှေတောင်မြို့နယ်တွင် နွေရာသီကျောင်းပိတ်ရက်ကာလ၌ လူငယ်ကဏ္ဍဆိုင်ရာကိစ္စရပ်များ အရှိန်တိုးမြှင့်ဆောင်ရွက်နိုင်ရေး ( Healthy Life Style ) အကြောင်း ကျန်းမာရေးအသိပညာပေးခြင်းနှင့် သင်တန်းဖွင့်လှစ် - Myanmar National Post

Myanmar National Post

News Agency

Breaking

ရွှေတောင်မြို့နယ်တွင် နွေရာသီကျောင်းပိတ်ရက်ကာလ၌ လူငယ်ကဏ္ဍဆိုင်ရာကိစ္စရပ်များ အရှိန်တိုးမြှင့်ဆောင်ရွက်နိုင်ရေး ( Healthy Life Style ) အကြောင်း ကျန်းမာရေးအသိပညာပေးခြင်းနှင့် သင်တန်းဖွင့်လှစ်

 






ရွှေတောင် ၊   မေ- ၇

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်အတွင်းရှိ ကျောင်းသားလူငယ်များအား နွေရာသီကျောင်းပိတ်ရက်ကာလ၌ လူငယ်ကဏ္ဍဆိုင်ရာကိစ္စရပ်များ အရှိန်တိုးမြှင့်ဆောင်ရွက်နိုင်ရေး ( Healthy Life Style )အကြောင်း ကျန်းမာရေးအသိပညာပေးခြင်းနှင့် သင်တန်းဖွင့်ပွဲ အခမ်းအနားကို အထက ကြာနီကန်ကျောင်း ခန်းမ၌ ယနေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။ 

 အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးဟံဝင်းအောင်က အမှာစကား ပြောကြားပြီး မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ အောင်မျိုးသန့်က  ကျန်းမာရေး အသိပညာပေးခြင်းနှင့် သင်တန်းပြုလုပ်ရခြင်းနှင့်ပတ်သက်၍ ကျောင်းသား ကျောင်းသူများ အနေဖြင့်  ကျောင်းစာများအပြင် ကျန်းမာရေးနှင့်ပတ်သက်သော ဗဟုသုတများ၊ အခြားနယ်ပယ်ဆိုင်ရာ အထွေထွေဗဟုသုတများနှင့် ကျောင်းပြီးချိန် လုပ်ငန်းခွင်သို့ ရောက်ရှိသည့်အခါ ကောင်းမွန်သည့် အလေ့အကျင့်ကောင်းများ ရရှိနိုင်စေရန် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း  ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါ လူငယ်ကဏ္ဍဆိုင်ရာကိစ္စရပ်များ အရှိန်တိုးမြှင့်ဆောင်ရွက်နိုင်ရေး ( Healthy Life Style ) အကြောင်း ကျန်းမာရေးအသိပညာပေးခြင်းနှင့် သင်တန်းကို (၂-၅-၂၀၂၄) ရက်နေ့မှ (၃၁-၅-၂၀၂၄) ရက်နေ့အထိ သင်ကြားသွားမည်ဖြစ်ပြီး အခြေခံပညာကျောင်းများမှ ကျောင်းသားကျောင်းသူ (၁၀၀)ဦး တက်ရောက်ကြကြောင်းသိရသည်။ ထိုသင်တန်းတွင်  ဆယ်ကျော်သက်လူငယ်ဘဝနှင့် စိတ်နေစိတ်ထား၊ ကျန်းမာရေးနှင့်ညီညွတ်သော အပြုအမူများ၊ အစားအသောက်များ၊ လူငယ်နှင့် မူးယစ်းဆေးဝါးအန္တရာယ်၊ ကိုယ်လက်လှုပ်ရှားမှုနှင့် ကျန်းမာရေး၊ HIV အကြောင်းသိကောင်းစရာ၊ မျက်စိအကြောင်းသိကောင်းစရာနှင့် တီဘီရောဂါအကြောင်း၊ ခြင်ကြောင့်ကူးစက်တတ်သော ရောဂါများအကြောင်းစသည်တို့ကို တာဝန်ခံ ဆရာဝန်များ၊ ကျန်းမာရေးမှူးများနှင့် ကျန်းမာရေးဝန်ထမ်းများက  သင်တန်းနည်းပြအဖြစ် ပို့ချသွားမည်ဖြစ်ကြောင်း သိရှိရသည်။

https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)