Pages

Pages

ဒိုက်ဦးမြို့နယ်၊ အလယ်ခင်ကျေးရွာမှ NUG, PDF အကြမ်းဖက်အဖွဲ့၏ လက်နက် ခဲယမ်း အမြောက်အများ ဖမ်းဆီးရမိ



ဒိုက်ဦး၊ မေ ၃၁

အကြမ်းဖက်လုပ်ရပ်များကို မလိုလားသည့် ပြည်သူများ၏ သတင်းပေးချက်အရ ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့နယ်၊ အလယ်ခင်ကျေးရွာနေ ဦးစိုးလေး (၇၃) နှစ် (ဘ)ဦးထွန်းရှိန်၏နေအိမ်သို့ လုံခြုံရေးတပ်ဖွဲ့ဝင်များမှ ဝင်ရောက်ရှာဖွေခဲ့ရာ NUG, PDF အကြမ်းဖက်အဖွဲ့၏ လက်နက်ခဲယမ်းအမြောက်အများကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

အဆိုပါ ဖမ်းဆီးရမိမှုတွင် NUG, PDF အကြမ်းဖက်အဖွဲ့၏ FGC 9 သေနတ်အတို   ၃၀ လက်၊ ကျည်အိမ်   ၄၀ ခု၊  ၉ မမကျည်  ၁၅၀၀ တောင့်၊ ရီမု  ၁၅ ခု၊ Rreciver  ၄၅ ခု၊ လက်လုပ်ရှေ့ထွက်မိုင်း  ၂ လုံး၊ ထိုင်းနိုင်ငံထုတ်ရှေ့ထွက်မိုင်း  ၁ လုံး၊ ယမ်းကြိုး (ပေ ၃၀)  ၁ ခွေ၊ ကြိုးဆွဲလက်ပစ်ဗုံး  ၂  လုံး သိမ်းဆည်း ရရှိခဲ့ကြောင်း သတင်းရရှိသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment