ဘရပ်ဆဲလ်၊ မေ ၆
မြန်မာသံရုံး၊ ဘရပ်ဆဲလ်မြို့၊ သံအမတ်ကြီး ဦးစိုးလင်းဟန်သည် အာဖရိက၊ ကာရေဘီယံနှင့် ပစိဖိတ်နိုင်ငံများအဖွဲ့(OACPS) အတွင်းရေးမှူးချုပ်၏ အာရှဆိုင်ရာအထူးကိုယ်စားလှယ် Mr. Long Trang အား ၃-၅-၂၀၂၄ ရက်တွင် မြန်မာသံရုံး၌ လက်ခံတွေ့ဆုံခဲ့သည်။
ထိုသို့တွေ့ဆုံစဉ် မြန်မာနိုင်ငံနှင့် OACPS အဖွဲ့ဝင်နိုင်ငံများအကြား အပြန်အလှန် အကျိုးရှိသော ပူးပေါင်းဆောင်ရွက်မှုများ ဆောင်ရွက်နိုင်မည့် အလားအလာများ၊ ဘရပ်ဆဲလ်မြို့ရှိ အာဆီယံ အဖွဲ့ဝင်နိုင်ငံသံရုံးများနှင့် OACPS အဖွဲ့ဝင်နိုင်ငံသံရုံးများအကြား ထိတွေ့ဆက်ဆံမှုများ တိုးချဲ့သွား နိုင်မည့် အလားအလာများစသည့် ကိစ္စရပ်များအပေါ် ဆွေးနွေးအမြင်ချင်းဖလှယ်ခဲ့ကြသည်။
OACPS အဖွဲ့သည် ၁၉၇၅ ခုနှစ်တွင် တည်ထောင်ခဲ့ပြီး၊ အာဖရိက၊ ကာရေဘီယံနှင့် ပစိဖိတ်ဒေသရှိ နိုင်ငံ(၇၉)နိုင်ငံပါဝင်ကြောင်း၊ အတွင်းရေးမှူးချုပ်ရုံးကို ဘရပ်ဆဲလ်မြို့တွင် ဖွင့်လှစ်ထားကြောင်း၊ အဖွဲ့ဝင်နိုင်ငံများ၏ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် နိုင်ငံတကာကုန်သွယ်မှုတွင် အာရှပစိဖိတ် ဒေသဖြင့် ပိုမိုပေါင်းစည်းပါဝင်နိုင်ရေးအတွက် အလေးထားဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Join - https://t.me/MyanmarNationalPost

ليست هناك تعليقات:
إرسال تعليق