ပခုက္ကူ၊ ဇွန် ၄
ပညာရေးဝန်ကြီးဌာန၊ အဆင်မြင့်ပညာဦးစီးဌာန၊ တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးရှိ တက္ကသိုလ်များ၊ ဒီဂရီကောလိပ်များနှင့် ကောလိပ်များ၏ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်ကို ၂၀၂၄ ခုနှစ်၊ ဇွန်လ ၃ ရက်နေ့မှ စတင်ကာ ပုံမှန်အတိုင်းပြန်လည်ဖွင့် လှစ်ကြားလျက်ရှိရာ ပခုက္ကူတက္ကသိုလ်၌ ဝိဇ္ဇာနှင့်သိပ္ပံဘာသာရပ် ဌာနအသီးသီးအလိုက် ကျောင်းသား ကျောင်းသူများ ဆက်လက်တက်ရောက်ကြသည်။
အဆိုပါတက္ကသိုလ်ပညာရပ်များ စနစ်တကျ ဖွင့်လှစ်သင်ကြားနိုင်ရေးအတွက် ပခုက္ကူတက္ကသိုလ် ခေတ္တပါမောက္ခချုပ် ဒေါက်တာတင်ထွန်းအောင်၏ အနီးကပ်ကြီးကြပ်ဦးဆောင်မှုဖြင့် ဒုတိယပါမောက္ခချုပ်များနှင့် ဘာသာရပ်ဆိုင်ရာပါမောက္ခ (ဌာနမှူး)များ၊ သင်တန်းရေးရာဌာနမှ တာဝန်ရှိသူများက ၂၀၂၄ ခုနှစ်၊ မေလ ၂၃ ရက်မှ စတင်ကာ လိုအပ်သည့် ကျောင်းအပ်လက်ခံခြင်း၊ ကျောင်းဝင်မှတ်ပုံတင်ခြင်းများကို ကြိုတင်ပြင်ဆင်ဆောင်ရွက်ခဲ့ကြပြီး ဇွန်လ၃ရက်နေ့မှ စတင် ဖွင့်လှစ်သင်ကြားခဲ့ခြင်းဖြစ်သည်။
ထိုသို့ဖွင့်လှစ်သင်ကြားရာ ပခုက္ကူတက္ကသိုလ်ရှိ ဝိဇ္ဇာနှင့် သိပ္ပံဘာသာရပ်ဌာန(၁၄)ခုတွင် ပထမနှစ် ၇၅ ဦး၊ ဒုတိယနှစ် ၁၈၄ ဦး၊ တတိယနှစ် ၁၅၃ ဦး၊ စတုတ္ထနှစ် ၁၅၈ ဦး၊ ပထမနှစ်(ဂုဏ်ထူးတန်း) ၉၁ ဦး၊ ဒုတိယနှစ် (ဂုဏ်ထူးတန်း) ၃၄ ဦး၊ တတိယနှစ်(ဂုဏ်ထူးတန်း) ၅၅ ဦး၊ မဟာအရည်အချင်းစစ်သင်တန်း ၂၃ ဦး၊ မဟာဝိဇ္ဇာနှင့် မဟာသိပ္ပံသင်တန်း ၆၃ ဦး၊ စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ ၈၃၆ ဦး တက်ရောက်ကြကြောင်း သိရသည်။
ဘာမီသာ(ပခုက္ကူ)
Join - https://t.me/MyanmarNationalPost


ليست هناك تعليقات:
إرسال تعليق