ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန၌ ကျင်းပသော နည်းပညာလွှဲပြောင်းခြင်းနှင့် ဖြန့်ဝေခြင်းအခမ်းအနား တက်ရောက် - Myanmar National Post

Myanmar National Post

News Agency

Breaking

ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန၌ ကျင်းပသော နည်းပညာလွှဲပြောင်းခြင်းနှင့် ဖြန့်ဝေခြင်းအခမ်းအနား တက်ရောက်


နေပြည်တော်၊ ဇွန် ၃

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ အောင်ဇေယျသည် ဇွန် ၁ ရက်တွင် နည်းပညာတက္ကသိုလ် (သန်လျင်) ၌ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်သို့ တက်ရောက်သည်။

ဦးစွာ ဒုတိယဝန်ကြီးသည် တာဝန်ရှိသူများ၊ ကျောင်းတွင်းအဆောင်များတွင် နေထိုင်သော ကျောင်းသား ကျောင်းသူများနှင့်အတူ နှစ်ရှည်ပင်များကို သတ်မှတ်နေရာများတွင် စုပေါင်းစိုက်ပျိုးသည်။

ယင်းနောက် ဒုတိယဝန်ကြီးသည် ကျောင်းသား ကျောင်းသူများကို ရင်းရင်းနီးနှီးတွေ့ဆုံ၍ ဇွန် ၃ ရက်နေ့ ကျောင်းများဖွင့်ချိန်မှစ၍ သတ်မှတ်အချိန်ဇယားများအတိုင်း အင်အားသစ်များနှင့် အတန်းများတက်ရောက်ပြီး လက်တွေ့လုပ်ငန်းများကို ရွှင်လန်းတက်ကြွစွာ ဆောင်ရွက်ကြမည်ဟု ယုံကြည်ပါကြောင်း၊ ဘာသာရပ်ဆိုင်ရာ စာအုပ်များအပြင် သတင်းစာများ၊သုတ/ရသစာအုပ်များကို ဖတ်ရှုကြရန်နှင့် အားကစားလှုပ်ရှားမှုများ ဆောင်ရွက်ကြရန်၊ ဗလငါးတန်နှင့် ပြည့်စုံစေသည့် ပြည်သူ့အကျိုးပြု အင်ဂျင်နီယာကောင်းများဖြစ်စေရေး ကြိုးပမ်းဆောင်ရွက်သွားကြရန်၊ ယနေ့သစ်ပင်စိုက်ပျိုးမှု အပါအဝင် ကျောင်းသားဘဝ အလေ့အကျင့်ကောင်းများကို ဆက်လက်ထိန်းသိမ်း ဆောင်ရွက်သွားရန်လိုအပ်ကြောင်း ပြောကြားပြီး ကျောင်းသား ကျောင်းသူ များအား ဂုဏ်ပြုလက်ဆောင်များကို ပေးအပ်ချီးမြှင့်သည်။

ဆက်လက်၍ ဒုတိယဝန်ကြီးသည် တာဝန်ရှိသူများနှင့် တွေ့ဆုံကာ အမျိုးသားရေးလုပ်ငန်းစဉ်များ အောင်မြင်စေရေး တစ်တပ်တစ်အားဖြစ်စေမည့် အရည်အသွေးစံမီသည့် လူငယ်အင်ဂျင်နီယာများကို စဉ်ဆက်မပြတ် မွေးထုတ်ပေးနိုင်ရေးနှင့် ပြည်သူများကို အမှန်တကယ် အလုပ်အကျွေးပြုနိုင်သည့် စွမ်းရည်မြင့် နိုင်ငံ့ဝန်ထမ်းကောင်းများ ဖြစ်စေရေးတို့ကို အလေးထားဆောင်ရွက်သွားရန်၊ ဒေသတွင်းရှိ သီလဝါအထူးစီးပွားရေးဇုန်နှင့် MSME များ ဖွံ့ဖြိုးရေးအထောက်ကူပြု နည်းပညာများကို ပံ့ပိုးပေးနိုင်ရေးအတွက် University-Industry Collaboration မြှင့်တင်ဆောင်ရွက်ရင်း Ranking မြင့် နည်းပညာ တက္ကသိုလ်ဖြစ်စေရေး ဦးတည်ဆောင်ရွက်ရန်လိုအပ်ကြောင်း တိုက်တွန်းမှာကြားကာ အခက်အခဲတင်ပြမှုများအပေါ် ဖြေရှင်းဖြည့်ဆည်းပေးပြီး တာဝန်ရှိသူများအား ဂုဏ်ပြုလက်ဆောင်များကို ပေးအပ်ချီးမြှင့်သည်။

ထို့နောက် ဒုတိယဝန်ကြီးသည် စာသင်ခန်းများနှင့် လက်တွေ့ခန်းများ ပြင်ဆင်ထားရှိမှုများ၊ တက္ကသိုလ် ဥပဓိရုပ်တင့်တယ်စေရေး ဆောင်ရွက်ထားရှိမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။ ယင်းနောက် ဒုတိယဝန်ကြီးသည် Academic Calendar အလိုက် သက်ဆိုင်ရာ ကျောင်းသား ကျောင်းသူများ၏ သုတေသနပရောဂျက်များကိုကြည့်ရှုအားပေးကာ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးကို လက်တွေ့ကျကျ အထောက်အကူပြုမည့် ခေါင်းစဉ်များကို ရွေးချယ်၍ အဖွဲ့လိုက်ပူးပေါင်းဆောင်ရွက်ရန်၊ ပြည်တွင်းပြည်ပ နည်းပညာပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်ကြပြီး နိုင်ငံ့ဂုဏ်ဆောင် နည်းပညာကျောင်းသားများဖြစ်စေရေး ကြိုးပမ်းဆောင်ရွက်ကြရန် တိုက်တွန်းမှာကြားခဲ့ကြောင်း သိရသည်။


Join - https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)