တံတားဦး၊ ဇွန် ၄
တံတားဦးခရိုင် တံတားဦးမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ခုနှစ်၌ မိုးဆီထွက်သီးနှံ စိုက်ပျိုးရန်(၄၅,၆၉၄)ဧက လျာထားရာ မေလ(၃၁)ရက်နေ့ မိုးရွာသွန်းမှုကြောင့်(၂,၇၂၀)ဧက စိုက်ပျိုးပြီးစီးကြောင်း သိရသည်။
တံတားဦးမြို့နယ်အနေဖြင့် မိုးဆီထွက်သီးနှံများဖြစ်သော မိုးနှမ်း(၂,၆၃၁)ဧက၊ မိုးမြေပဲ(၂၅)ဧက၊ မိုးနေကြာ(၆၄)ဧက၊ စုစုပေါင်း(၂,၇၂၀)ဧက စိုက်ပျိုးပြီးဖြစ်ကြောင်း၊ ဒါ့အပြင် သီးနှံများ စနစ်တကျစိုက်ပျိုးရေး၊ စိုက်နည်းစနစ်မှန်ကန်ရေး၊ ရေသွင်းရေထုတ်မှန်ကန်ရေး၊ ပေါင်းမြက်ကင်းရှင်းရေးတို့အတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများက ကျေးရွာများအား အရောက်ကွင်းဆင်း၍ တောင်သူများ အသိပညာများရရှိရေးအတွက် ပညာပေးဟောပြောကြောင်းလည်း သိရသည်။
တောင်သူများ ဒေသတွင်းဆီထွက်သီးနှံ ဖူလုံတိုးပွားရေးနှင့် မိုဆီထွက်သီးနှံလျာထား စိုက်ဧကပြည့်မီရေးတို့အတွက် နေ့စဉ်ကွင်းဆင်းဆောင်ရွက်နေပါကြောင်း ၊ တံတားဦးမြို့နယ် အနေဖြင့် ၂၀၂၄-၂၀၂၅ ခုနှစ်တွင် မိုးသီးနှံမျိုးစုံ(၁၄၆,၇၆၄)ဧက စိုပျိုးထုတ်လုပ်သွားမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဦးကနေဒီထွန်း ထံမှသိရသည်။
ဦးရဲတင့်
Join - https://t.me/MyanmarNationalPost


ليست هناك تعليقات:
إرسال تعليق