တာမွေမြို့နယ်ရှိ ကျောက်ပန်းတောင်းစာသင်တိုက် ဘုန်းတော်ကြီးသင်ပညာရေးကျောင်း၌အခြေခံပညာအဆင့်ကျောင်းသား/သူ(၁၁၅)ဦးကို (အခမဲ့)ပညာသင်ကြားပေးလျက်ရှိ - Myanmar National Post

Myanmar National Post

News Agency

Breaking

တာမွေမြို့နယ်ရှိ ကျောက်ပန်းတောင်းစာသင်တိုက် ဘုန်းတော်ကြီးသင်ပညာရေးကျောင်း၌အခြေခံပညာအဆင့်ကျောင်းသား/သူ(၁၁၅)ဦးကို (အခမဲ့)ပညာသင်ကြားပေးလျက်ရှိ




တာမွေ    ၊  ဇွန်      ၅

" ပညာရေးဖြင့် ခေတ်မှီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကြီး တည်ဆောက်အံ့ " ဆိုသည့် ဆောင်ပုဒ်နှင့်အညီ စည်းကမ်းပြည့်ဝပြီး ခေတ်မှီဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတော်ကြီးကို တည်ဆောက်တဲ့နေရာမှာ ပညာရေးရဲ့ အခန်း ကဏ္ဍဟာ များစွာအရေးကြီးတဲ့အတွက် ပညာရေးဝန်ကြီးဌာနက " ဘာသာရေး၊ လူမျိုးရေး၊ ကျား/မ ဆင်းရဲချမ်းသာ၊ မသန်စွမ်းနှင့် နိုင်ငံသားဖြစ်မှုဆိုင်ရာတို့ကို ခွဲခြားမှုမရှိဘဲ ကျောင်းနေအရွယ် ကလေးအားလုံး ပညာသင်ယူခွင့် ရရှိ စေရန် " ရည်ရွယ်၍ ၂၀၂၄-ခုနှစ် ဇွန်လ(၃)ရက်နေ့မှစတင်ကာ ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တာမွေ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၊ ကိုယ်ပိုင်အထက်တန်းကျောင်းများ၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း များအား တစ်ပြိုင်နက်တည်း ဖွင့်လှစ်ပညာသင်ကြားပေးလျက်ရှိရာ တာမွေမြို့နယ် မေတ္တာညွန့်ရပ်ကွက် နေမျိုးသူရ လမ်းရှိ ကျောက်ပန်းတောင်းစာသင်တိုက် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင်လည်း ၂၀၂၄ - ၂၀၂၅ ပညာ သင်နှစ်၌ အခြေခံပညာအဆင့် ကျောင်းသား/ကျောင်းသူ (၁၁၅)ဦးကို (အခမဲ့) ပညာသင်ကြားပေးလျက်ရှိကြောင်း သိရ သည်။

အဆိုပါ တာမွေမြို့နယ်ရှိ ကျောက်ပန်းတောင်းစာသင်တိုက် ဘုန်းတော်ကြီးသင်ပညာရေးကျောင်း၌ အခြေခံ ပညာအဆင့် ကျောင်းသား / ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားနေမှု အခြေအနေများအား ယနေ့ နံနက်ပိုင်းအချိန်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ သက်ဆိုင်ရာတာဝန်ရှိသူများက လိုက်လံကြည့်ရှု အားပေးခဲ့ပြီး လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြသည်။


ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တာမွေမြို့နယ်ရှိ ကျောက်ပန်းတောင်းစာသင်တိုက် ဘုန်းတော်ကြီး သင်ပညာရေးကျောင်းအား အဆိုပါကျောင်း နာယကဆရာတော် ဘဒ္ဒန္တပဏ္ဍိတ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ၊ သာသနဓဇ သီရိပဝရဓမ္မာစရိယ၊ ဝိနယဝိဒူ ဒီဃနိကာယဝိဒူ၊ နိုင်ငံတော် သမ္မုတိရ သံဃာ့ကိုယ်စားလှယ် ဦးဆောင်ပြီး အခြေခံပညာ အလယ်တန်းကျောင်းအဖြစ် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်မှစတင်၍ အခြေခံပညာအဆင့် ကျောင်းသား/သူများအား ဖွင့်လှစ်ပညာသင်ကြားပေးလျက်ရှိကြောင်း၊ သူငယ်တန်း(KG) မှ (GRADE-9)အထိ ကျောင်းသား/သူများအား ကျောင်း၌ သာ တက်ရောက်ပညာသင်ကြားစေပြီး (GRADE-10) မှ (GRADE-12) အထိ ကျောင်းသား/သူများအား အစိုးရအခြေခံ ပညာကျောင်းများသို့ လွှဲပြောင်းအပ်နှံပြီး အဆိုပါ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင်သာ ပညာသင်ကြားပေး လျက်ရှိကြောင်း၊ ယခု ၂၀၂၄ - ၂၀၂၅ ပညာသင်နှစ်၌ အခြေခံပညာအဆင့် ကျောင်းသား၊ ကျောင်းသူ (၁၁၅)ဦးကို အဆိုပါ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင် (အခမဲ့) ပညာသင်ကြားပေးလျက်ရှိပြီး ကျောင်းအပ်လက်ခံခြင်းများကို လည်း ဆက်လက်ဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိပါသည်။


နိုင်လင်းအောင်

https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)