နေပြည်တော်၊ ဇွန် ၃
ဧရာဝတီတိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးတို့တွင် စစ်မှုထမ်းဆောင်ရန် အတွက် အမျိုးသမီးများကို အတင်းအကျပ် စတင်စုဆောင်းနေကြောင်း သတင်းတု၊ သတင်းအမှားများကို တရားမဝင်ပြည်ဖျက်မီဒီယာများက မဟုတ်မမှန် ရေးသားဖြန့်ဝေ နေသည်ကို တွေ့ရှိရပါသည်။
အဆိုပါ သတင်းနှင့်ပတ်သက်၍ ဧရာဝတီတိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီး ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့မှ တာဝန်ရှိသူများ၏ ပြောကြားချက်အရ စစ်မှုထမ်း ဆောင်ရန် အမျိုးသမီးများကို စတင်စုဆောင်းနေသည်မှာ မှန်ကန်မှုမရှိကြောင်း သိရှိရသည်။
တရားမဝင်ပြည်ဖျက်မီဒီယာများနှင့် နယ်မြေတည်ငြိမ်အေးချမ်းမှုကို မလိုလား သူများက ပြည်သူ့စစ်မှုထမ်းဥပဒေ စတင်အာဏာတည်သည့်နေ့မှစပြီး ပြည်သူများ ကြောက်ရွံ့ထိတ်လန့်စေရန်နှင့် အထင်အမြင်လွဲမှားစေရန်အတွက် ပြည်သူ့စစ်မှုထမ်း ဥပဒေနှင့်ပတ်သက်သည့် ကောလာဟလ သတင်းတု၊ သတင်းအမှားများကို ရည်ရွယ်ချက်ရှိ ရေးသားဖြန့်ဝေလျက်ရှိရာ ပြည်သူများအနေဖြင့် ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေးဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ သိရှိလိုသည်များကို နေ့စဉ်ထုတ် သတင်းစာများတွင် ဖော်ပြပေးလျက်ရှိပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့များ၏ ဖုန်းနံပါတ်များကို ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ပါကြောင်း သတင်းရရှိပါသည်။
Join - https://t.me/MyanmarNationalPost

ليست هناك تعليقات:
إرسال تعليق