မိတ္ထီလာမြို့နယ်တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးအစီအစဉ်ဖြင့် စိုက်ပျိုးမည့် မိုးစပါးစိုက်ဧကများအတွက် မျိုးစပါးနှင့် သွင်းအားစုများ ပေးအပ် - Myanmar National Post

Myanmar National Post

News Agency

Breaking

မိတ္ထီလာမြို့နယ်တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးအစီအစဉ်ဖြင့် စိုက်ပျိုးမည့် မိုးစပါးစိုက်ဧကများအတွက် မျိုးစပါးနှင့် သွင်းအားစုများ ပေးအပ်



မိတ္ထီလာ၊ ဇွန် ၅

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ မိတ္ထီလာမြို့နယ်တွင် (၂၀၂၄-၂၀၂၅) ဘဏ္ဍာရေးနှစ်၌  နိုင်ငံ့စီးပွားမြှင့်တင်ရေးအစီအစဉ်ဖြင့် စိုက်ပျိုးမည့် မိုးစပါးစိုက်ဧကများအတွက် မျိုးစပါးနှင့် သွင်းအားစုများ ပေးအပ်ပွဲကို ၃-၆-၂၀၂၄ ရက်နေ့က  ရေချိုကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်အောင်လေးက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးသက်နိုင်အေးက နိုင်ငံ့စီးပွားမြှင့်တင်ရေး အစီအစဉ်ဖြင့် မြို့နယ်အတွင်း မိုးစပါးနှင့် အခြားသီးနှံများ စိုက်ပျိုးထားရှိမှု အခြေအနေနှင့် ဆက်လက်စိုက်ပျိုးမည့် အခြေအနေများအား ရှင်းလင်းပြောကြားခဲ့သည်။ ၎င်းနောက် မြန်မာ့အာမခံလုပ်ငန်း မိတ္ထီလာ မြို့နယ်ရုံးမှ တာဝန်ခံအရာရှိ ဦးဌေးလွင်က နိုင်ငံ့စီးပွားမြှင့်တင်ရေးစီမံကိန်း  ဆောင်ရွက်မှုအခြေအနေများနှင့် သီးနှံအာမခံအကြောင်းကို ရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်အောင်လေး၊ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးသက်နိုင်အေးနှင့် တာဝန်ရှိသူများက ရေချိုကျေးရွာရှိ နိုင်ငံ့စီးပွားမြှင့်တင်ရေးအစီအစဉ်ဖြင့် မိုးစပါးစိုက်ပျိုးမည့် တောင်သူများအား မျိုးစပါးနှင့် သွင်းအားစုများအား အသီးသီးပေးအပ်ခဲ့သည်။ ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်အောင်လေး၊ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးသက်နိုင်အေးနှင့် တာဝန်ရှိသူများက လျှော်ဖြူကန်ကျေးရွာရှိ နိုင်ငံ့စီးပွားမြှင့်တင်ရေးအစီအစဉ်ဖြင့် မိုးစပါးစိုက်ပျိုးမည့် တောင်သူများအား မျိုးစပါးနှင့် သွင်းအားစုများအား ပေးအပ်ခဲ့သည်။

မိတ္ထီလာမြို့နယ်တွင် (၂၀၂၄-၂၀၂၅) ဘဏ္ဍာရေးနှစ်၌  နိုင်ငံ့စီးပွားမြှင့်တင်ရေးအစီအစဉ်ဖြင့် စိုက်ပျိုးမည့် မိုးစပါးသီးနှံကို ထမုန်ကန်းကျေးရွာအုပ်စုတွင် စိုက်ဧက ၁၀၀ ၊ တောမကျေးရွာအုပ်စုတွင် စိုက်ဧက ၁၀၀ ၊ ခင်လူးကျေးရွာအုပ်စုတွင် စိုက်ဧက ၅၀ ၊ ရှမ်းတဲကျေးရွာအုပ်စုတွင် စိုက်ဧက ၃၀ ၊ က ဖြူကျေးရွာအုပ်စုတွင် စိုက်ဧက ၅၀ ၊ ဇောင်းချမ်းကုန်းကျေးရွာအုပ်စုတွင် စိုက်ဧက ၃၀ ၊ မကျီးစုကျေးရွာအုပ်စုတွင် စိုက်ဧက ၄၀ ၊ လျှော်ဖြူကန်ကျေးရွာအုပ်စုတွင် စိုက်ဧက ၅၀ ၊ ကွက်ကျေးရွာအုပ်စုတွင် စိုက်ဧက ၁၅၀  စုစုပေါင်း စိုက်ပျိုးဧက ၆၀၀ ကို စိုက်ပျိုးသွားမည်ဖြစ်ကြောင်း သိရသည်။


 သိန်းမြင့်ကျော်

Join - https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)