သာကေတ၊ ဇွန် ၂
ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ် ကျက်သရေဆောင် ဇိနမာရ်အောင် စေတီတော်ဝန်းအတွင်းရှိ ဝိမုတ္တိရသဓမ္မဗိမာန်တော်ကြီးတွင် ဇူလိုင်လ ၇ ရက်နေ့၌ ရန်ကုန်- နေပြည်တော်အမြန်လမ်း (၉၈)မိုင်၊ အရှေ့ဘက်(၁)မိုင်အကွာရှိ နဂါးညီနောင်ကျောင်းတိုက် ဦးစီးပဓာနနာယက ဒေါက်တာဘဒ္ဒန္တအာဒိစ္စဝံသ ပရိတ်ချည်မျှင်ရေဆူဆရာတော်ကြီး၏ ဝိဇာတမွေးနေ့မဂ်လာကို နံနက် ၇ နာရီမှ မွန်းလွဲ ၁ နာရီထိ ဆင်ယင်ကျင်းပသွားမည်ဖြစ်ကြောင်း အဆိုပါစေတီတော် ဂေါပကအဖွဲ့ထံမှ သိရသည်။
ဇူလိုင် ၇ ရက်နေ့၊ နံနက် ၇ နာရီမှ မွန်းတည့် ၁၂ နာရီထိ ကြွရောက်လာကြသည့် ဧည့်ပရိတ်သတ်များကို အာဟာရများ တည်ခင်းဧည့်ခံကျွေးမွေးမည်ဖြစ်ပြီး မွန်းလွဲ ၁ နာရီတွင် အဂ္ဂမဟာမင်္ဂလဓမ္မဇောတိကဓဇ၊ အဂ္ဂမဟာ မဟာဓမ္မကထိက ဒေါက်တာဘဒ္ဒန္တ သိရီအာဒိစ္စဝံသ၊ ပရိယတ္တိသာသန ပါလဓမ္မာစရိယ၊ အဂ္ဂမဟာပရဟိတဓရ၊ အဂ္ဂမဟာဝိဇ္ဇာဓရဂုဏ်ထူးဆောင်၊ မဟာစည် ဝိပဿနာ ကမ္မဋ္ဌာနာစရိယ၊ မိုးကုတ်ဝိပဿနာ ကမ္မဋ္ဌာနာစရိယ၊ ကမ္ဘာ့ဗုဒ္ဓသာသနာပြု၊ မြန်မာ့ပရဟိတသာသနာပြုဂုဏ်ထူးဆောင်၊ မဟာဓမ္မဂါယာဟိတဓရဂုဏ်ထူးဆောင် ပရိတ်ချည်မျှင်ရေဆူဆရာတော်ကြီးကိုယ်တိုင် ရေစက်ချအနုမောဒနာတရား ဟောကြားတော်မူမည်ဖြစ်သည်။ ယင်းပြင် အဆိုပါဝိဇာတမင်္ဂလာတွင် ဆရာတော်ကြီး၏ တပည့်များဖြစ်ကြသည့် ရုပ်ရှင်၊ ဂီတ၊ သဘင် အနုပညာရှင်များမှလည်း ဂုဏ်ပြုသီဆိုပူဇော်ကြမည်ဖြစ်ကြောင်း သိရသည်။
ဆောင်းနှင်းဖြူ
Join - https://t.me/MyanmarNationalPost

ليست هناك تعليقات:
إرسال تعليق