ပေါင်မြို့နယ်၌၂၀၂၄ခုနှစ်ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေး နေ့အထိမ်းအမှတ်မိုးရာသီ သစ်ပင် စိုက်ပျိုးပွဲကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ပေါင်မြို့နယ်၌၂၀၂၄ခုနှစ်ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေး နေ့အထိမ်းအမှတ်မိုးရာသီ သစ်ပင် စိုက်ပျိုးပွဲကျင်းပ





ပေါင်        ၊   ဇွန်        ၅


မွန်ပြည်နယ်၊ပေါင်မြို့နယ်၌မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်သစ်တောဦးစီးဌာနကကြီးမှူး၍ သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေး သစ်ပင်များ စိုက်ပျိုးခြင်းဖြင့်  ဒေသတွင်းအပူချိန်  လျော့ကျလာစေရန် သစ်တော၊သစ်ပင်ပြုန်းတီးမှုမဖြစ်ပေါ်စေရန် ရည်ရွယ်၍  ၂၀၂၄ ခုနှစ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲကို  ဇွန်လ (၅) ရက်နေ့  ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေး နေ့အထိမ်းအမှတ်မိုးရာသီ သစ်ပင် စိုက်ပျိုးပွဲကို ယနေနံနက်(၈)နာရီက ကော့ထော်ကျေးရွာဘုန်းတော်ကြီးကျောင်း ၌ပြုလုပ်သည်။

ရှေးဦးစွာ စိုက်ပျိုးမည့်ပျိုးပင်များကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးထင်လင်းအောင်နှင့် သစ်တောဦးစီးဌာန တောအုပ်ကြီးဦးစိုးဝင်းက တက်ရောက်လာသူများထံ အပင်များပေးအပ်၍ စုပေါင်းသစ်ပင်စိုက်ပျိုးခဲ့သည်။

အဆိုပါ ၂၀၂၄ခုနှစ်ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေး နေ့အထိမ်းအမှတ်  မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲကို  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးထင်လင်းအောင်နှင့်အဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊မီးသတ်တပ်ဖွဲ့ဝင်များ၊ဌာနဆိုင်ရာများ၊သစ်တောဦးစီးဌာနမှဝန်ထမ်းများက မန်ဂျန်ရှား ( ၃၈၀)ပင်၊ကျွန်း ( ၂၀၀ )ပင်၊ပျဉ်းကတိုး ( ၁၀၀ )ပင် စုစုပေါင်းပျိုးပင်ပေါင်း  ( ၆၈၀ )ပင်စိုက်ပျိုးခဲ့ကြောင်းသိရသည်။


မွန်မလေး 

https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)