Pages

Pages

မိုးညှင်းမြို့နယ်တွင် အခြေခံပညာစာသင်ကျောင်းများ စတင်ဖွင့်လှစ်



မိုးညှင်း၊ ဇွန် ၃

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့နယ်တွင် ဇွန်လ(၃)ရက် နံနက်ပိုင်းမှ စတင်ကာ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် အခြေခံပညာစာသင်ကျောင်းပေါင်း (၂၀၀)ကျော်မှ ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းမြေ့စွာဖြင့် ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။

အဆိုပါ အခြေခံပညာစာသင်ကျောင်းများ ဖွင့်လှစ်ရာတွင် မိုးညှင်းမြို့နယ်အနေဖြင့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် “ကျောင်းနေအရွယ်ကလေးအားလုံး အခြေခံပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့” ဟူသော ဆောင်ပုဒ်နှင့်အညီ ကလေးငယ်များ ပညာသင်ခွင့် ရရှိရေးအတွက် တာဝန်ရှိသူများက ဆောင်ရွက်ပေးလျက်ရှိပြီး မြို့နယ်အတွင်းမှ အခြေခံပညာအထက်တန်း၊ အလယ်တန်းနှင့် မူလတန်း ကျောင်းပေါင်း (၂၀၀)နှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်း (၂)ကျောင်း စုစုပေါင်း (၂၀၂)ကျောင်း ရှိသည့်အနက် (၁၉၉)ကျောင်းနှင့် ကိုယ်ပိုင်အထက်တန်းကျောင်း (၁၀)ကျောင်း စုစုပေါင်း (၂၀၉)ကျောင်းတို့မှ ကျောင်းသား၊ ကျောင်းသူများအား စိတ်အေးချမ်းမြေ့စွာ ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။


ရွှေမိုးညှင်း

Join - https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق