Pages

Pages

ပဲခူးမြို့၌ ဥပဒေအသိပညာပြန့်ပွားရေးသင်တန်းအမှတ်စဉ် (၁) ဖွင့်ပွဲအခမ်းအနား ကျင်းပ





ပဲခူး၊ ဇွန် ၄

ပဲခူးမြို့၌ ဥပဒေအသိပညာပြန့်ပွားရေးသင်တန်း အမှတ်စဉ် (၁) ဖွင့်ပွဲအခမ်းအနားကို ယနေနံနက်ပိုင်းက ပဲခူးမြို့၊ သီရိဟံသာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ချီးမြှင့်ခဲ့သည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက နိုင်ငံ့ဝန်ထမ်းများသည် နိုင်ငံတော်က ပြဋ္ဌာန်းထားသည့် ဥပဒေများနှင့်အညီ လိုက်နာဆောင်ရွက်ပြီး ပြည်သူကို အကျိုးပြုနေကြသူများဖြစ်သည့်အတွက် ဥပဒေများကို ပိုမိုထိတွေ့သိရှိရန်လိုအပ်မှာဖြစ်ကြောင်း၊ နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေးအတွက် တရားဥပဒေ စိုးမိုးရေးနှင့် ဒေသလုံခြုံအေးချမ်းရေးတို့၏ အဓိကအခြေခံအကျဆုံးသည် ပြည်သူများ တည်ဆဲဥပဒေများကို သိရှိလေးစားလိုက်နာကြရန်လိုအပ်ပြီး ပြဋ္ဌာန်းထားသည့်ဥပဒေများကို လေးစားလိုက်နာခြင်းအားဖြင့် မိမိဌာနအကျိုး၊ မိမိဘူမှုပတ်ဝန်းကျင်အကျိုးနှင့် မိမိနိုင်ငံတော်အကျိုး တိုးတက်ကောင်းမွန်အောင် ဆောင်ရွက်သွားနိုင်မှာဖြစ်ကြောင်း၊ ယခုကဲ့သို့ဥပဒေအသိပညာပြန့်ပွားရေးသင်တန်းကျောင်း ဖွင့်လှစ်ခြင်းကို ကြိုဆိုပါကြောင်းနှင့် သင်တန်းသားများအနေဖြင့် သင်တန်းပို့ချချက်များကို အလေထားမှတ်သားပြီး လက်တွေ့ကျင့်သုံးကြစေလိုကြောင်း ပြောကြားခဲ့သည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ တရားလွှတ်တော် တရားသူကြီးချုပ်၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများက သင်တန်းတွင် သင်ကြားပေးမည့် အသိပညာပေး ဥပဒေစာအုပ်များ၊ Online တွင် ရှာဖွေနိုင်သည့် Myanmar Law Information System လက်တွေ့အသုံးပြုနည်းများအား လှည့်လည်ကြည့်ရှုခဲ့သည်။

အဆိုပါ ဥပဒေအသိပညာပြန့်ပွားရေးသင်တန်း၌ နိုင်ငံ့ဝန်ထမ်းဥပဒေ၊ ပြည်သူ့စစ်မှုထမ်းဥပဒေ၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ၊ အီလက်ထရောနစ်ဆက်သွယ်ရေးဥပဒေ၊ ပြစ်မှုဆိုင်ရာဥပဒေတို့မှ သိမှတ်ဖွယ်ရာများအား တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်း (၆၂)ဦးအား ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။


သက်ဖြိုးကြိုင်

Join - https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق