မိုးနဲ၊ ဇွန် ၃
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုးနဲမြို့နယ် သစ်တောဦးစီးဌာနအနေဖြင့် သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေး၊ သစ်တောပြုန်းတီးမှုမဖြစ်ပေါ်ရေး၊ ရာသီဥတုကောင်းမွန်မျှတရေး၊ သစ်တောသစ်ပင်များ၏ တန်ဖိုးကို သိရှိနားလည်စေရေး စသည့်ရည်ရွယ်ချက်များနှင့် သစ်တောဦးစီးဌာန၏ ပျိုးဥယျာဉ်များတွင် ၂၀၂၄ ခုနှစ် မိုးရာသီအတွက် ဌာနဆိုင်ရာအဖွဲ့အစည်းများ၊ တပ်ရင်းတပ်ဖွဲ့များနှင့် လူထုထံဖြန့်ဝေမည့် ပျိုးပင်ပေါင်း ၅၀၀၀၀ ကျော် ပျိုးထောင်ထားရှိပြီး လက်ရှိတွင် သစ်ပင်ပျိုးပင်များ လာရောက်ယူဆောင်သော ဌာနဆိုင်ရာများ၊ စာသင်ကျောင်းများထံသို့ ဖြန့်ဝေပေးလျက်ရှိကြောင်း တောအုပ် စိုင်းအောင်သင်းထံမှ သိရသည်။
ပျိုးထောင်ထားရှိသည့် သစ်ပင်ပျိုးပင်များမှာ ကျွန်း(၁၆၀၀၀)ပင်၊ မယ်ဇလီ(၁၀၄၅၀)ပင်၊ စိန်ပန်းနီ/ပြာ (၇၇၅၀)ပင်၊ မျောက်ငို(၅၀၀၀)ပင်၊ စစ်၊ ကံ့ကော်၊ အဂေးရှားနှင့် စိန်တံချူ (၅၀၀)ပင်စီ၊ ရေတမာ(၃၈၀၀)ပင်၊ ခါတော်မှီ(၁၀၀၀)ပင်၊ ရေသင်းဝင်(၃၀၀၀)ပင်၊ ဗန်ဒါ (၈၀၀)ပင်နှင့် သပြေဘူတ (၂၀၀)ပင်တို့ဖြစ်ပြီး စုစုပေါင်းသစ်ပင်ပျိုးပင်ပေါင်း (၅၀၀၀ဝ)ပင်ကို စိုက်ပျိုးနိုင်ရေးအတွက် ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း လာမည့်မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်ကို နောင်မြိုင်းကျေးရွာအုပ်စုရှိ လွိုင်စယ်စေတီအနီးတွင် ကျင်းပနိုင်ရေးအတွက်လည်း ပြင်ဆင်ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်သစ်တောဦးစီးမှူး ဦးကျော်အောင်အောင်ထံမှ သိရသည်။
မျိုးညွန့်ရွှေ(မိုးနဲ)
Join - https://t.me/MyanmarNationalPost


ليست هناك تعليقات:
إرسال تعليق