ကလိန်အောင်မြို့တွင် ရော်ဘာဈေးကောင်းရရှိ၍ ခြံရှင်များ အဆင်ပြေ - Myanmar National Post

Myanmar National Post

News Agency

Breaking

ကလိန်အောင်မြို့တွင် ရော်ဘာဈေးကောင်းရရှိ၍ ခြံရှင်များ အဆင်ပြေ





ကလိန်​အောင်၊ ဇွန် ၅

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့တွင် ယခုနှစ် ရော်ဘာရာသီကုန်ဆုံးခါနီးအချိန်၌ အဝယ်လိုက်ပြီး ဈေးကောင်းရသောကြောင့် ရော်ဘာခြံ လုပ်ကိုင်သူများ၊ ခြံသီးစား ဝယ်ယူလုပ်ကိုင်သူများ၊ ထက်ဝက်စားစနစ်ဖြင့် အစေးခြစ်ယူသူများတို့ စားဝတ်နေရေး အဆင်ပြေလျက်ရှိကြောင်း ရော်ဘာခြံစိုက်တောင်သူထံမှ သိရသည်။

"ဒီနှစ်ရာသီစဖွင့်တဲ့အချိန်က ဈေးကောင်းရတယ်လို့ပြောရမယ်ရာသီအကုန် မတ်လလောက်စပြီး ဈေးပြန်ရလာတာ အခု‌ပေါက်ဈေးက အလွတ်တစ်ပေါင်ကို ၁၈၅၀ ရပါတယ် ဈေးရတာ အများဆုံးလို့ ပြောရမယ်၊ မှိုင်းဈေးနဲ့ နေလှမ်းဈေးက သိပ်မကွာဘူး မှိုင်းတင်ရင် အလုပ်ပိုများတယ်၊ ဒါကြောင့် ခြံရှင်အများစုက မှိုင်းမတင်ဘဲ ရောင်းကြတယ်" ဟု ကလိန်အောင်မြို့မှ ရော်ဘာခြံ လုပ်ကိုင်သူ ဦး‌ဇော်ဇော်က ပြောသည်။

ယခင်နှစ်က ရော်ဘာတစ်ပေါင် ၁၀၅၀ ကျပ်ဖြင့် ဈေးဖွင့်ခဲ့ပြီး ယခုနှစ်ခြံဖွင့်ကာလတွင် ၁၃၅၀ ကျပ်ဝန်းကျင် ဈေးနှုန်းရှိခဲ့ကြောင်း ယခုရာသီ ကုန်ခါနီးအချိန်၌ အဝယ်လိုက်လာသောကြောင့် အမြင့်ဆုံးဈေးဖြစ်သည့် ၁၈၅၀ ကျပ်ခန့် ဈေးပေးဝယ်ယူနေကြောင်း ရော်ဘာရောင်းဝယ်ရေး လုပ်ငန်းရှင်တစ်ဦးက ပြောသည်။

"ရာသီကုန်ခါနီးမှာဘဲ ကုန်သည်တွေ အော်ဒါအမှာတွေ များလာတာကြောင့် ဈေးလိုက်လာတာ‌ပေါ့၊ ဝယ်ယူသူရဲ့ လိုအပ်ချက်ကြောင့် ဈေးရတာလို့  မြင်ပါတယ်၊ ရော်ဘာအထွက်နှုန်း နည်းလာတယ်လို့ ဆိုရပေမယ့်လည်း မိုးရာသီကာလတွင် မိုးရွာ‌သောကြောင့် ရော်ဘာမခြစ်ပဲ နားနေတဲ့ခြံ‌တွေ့လဲရှိပါတယ်" ဟု ကလိန်အောင်မြို့၊ အမှတ်(၃) ရပ်ကွက်၊ ဝင်းသစ္စာရော်ဘာရောင်းဝယ်ရေးဆိုင်မှ ဆိုင်ရှင်ဖြစ်သူ ဒေါ်‌လေးလေးနွယ်က ပြောသည်။

လက်ရှိအချိန်တွင် ကလိန်အောင်မြို့အတွင်း ရော်ဘာမှိုင်းခံပြီး တစ်ပေါင်လျှင် ၁၈၀၀ ကျပ်၊ နေလွတ် တစ်ပေါင် ၁၈၅ဝ ကျပ်နှင့်နေလှန်း တစ်ပေါင်လျှင် ၁၆၅၀ ကျပ်နှုန်းတို့ဖြင့် ဈေးပေါက်နေပြီး ဒေသအလိုက် ဈေးနှုန်းများလည်း ကွာခြားကြောင်း သိရသည်။


ခင်ခင်လဲ့(ကလိန်အောင်)

Join - https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)