Pages

Pages

မကွေးမြို့၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်


မကွေး၊ ဇွန် ၃

မကွေးတိုင်းဒေသကြီး၊ မကွေးမြို့တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၌ အခြေခံပညာ အထက်တန်းကျောင်း (၁၄) ကျောင်း၊ အခြေခံပညာအထက်တန်းကျောင်းခွဲ (၂၄)ကျောင်း၊ အခြေခံပညာ အလယ်တန်းကျောင်း (၅၁)ကျောင်း၊ အခြေခံပညာ အလယ်တန်းကျောင်းခွဲ (၄၇)ကျောင်း၊ အခြေခံပညာ မူလတန်းလွန်ကျောင်း (၂၉) ကျောင်း၊ အခြေခံပညာမူလတန်း ကျောင်း (၃၈) ကျောင်း၊ အခြေခံပညာ မူလတန်းလွန်ကျောင်းခွဲ သုံးကျောင်း စုစုပေါင်း အခြေခံပညာ ကျောင်းပေါင်း (၂၀၆) ကျောင်းအပြင် ဘုန်းတော်ကြီးသင်ကျောင်းများနှင့် ကိုယ်ပိုင်ကျောင်းများ ဇွန်လ ၃ ရက် (ယနေ့) တွင် ပြန်လည်ဖွင့်လှစ်ပြီး ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ရှစ်သောင်းကျော် တက်ရောက်ပညာသင်ကြားလျက်ရှိသည်။

ကျောင်းသား၊ ကျောင်းသူများအား သင်ရိုးညွှန်းတန်းစာအုပ်များ၊ ကျောင်းဝတ်စုံနှင့် ဗလာ စာအုပ်များကို အခမဲ့ပေးအပ်လျက်ရှိပြီး အခြေခံပညာကျောင်းများ စနစ်တကျ ဖွင့်လှစ်နိုင် ရေးအတွက် ပညာရေးဝန်ကြီးဌာနနှင့် သက်ဆိုင်ရာအဖွဲ့အစည်းများမှ တာဝန်ရှိသူများက စာသင်ခုံများ နေရာချထားခြင်း၊ စာသင်ချိန်များအား စနစ်တကျစီမံထားခြင်း၊ ကျောင်းကြို/ပို့ ယာဉ်များ စီစဉ်ထားခြင်း၊ ကျောင်းများ ဥပဓိရုပ်ကောင်းမွန်စေရေး စသည့် ကြိုတင်ပြင်ဆင် ခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးထားသည့်အပြင် ဆရာ၊ ဆရာမများ၊  ကျောင်းသား၊ ကျောင်းသူများ၊ ကျောင်းသားမိဘများ ယာဉ်အန္တရာယ်နှင့် ဘေးအန္တရာယ်ကင်းရှင်းစေရေး အတွက်လည်း လုံခြုံရေးတပ်ဖွဲ့များ၊ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့များနှင့် တာဝန်ရှိသူများ ပူးပေါင်း၍  အေးချမ်းစွာပညာသင်ကြားနိုင်ရေး ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။


အောင်ကို (ဖန်ခါးမြေ)

Join - https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق