ဒုတိယဝန်ကြီး ဦးအေးကျော် ဓာတ်အားခွဲရုံများ ကြည့်ရှုစစ်ဆေး - Myanmar National Post

Myanmar National Post

News Agency

Breaking

ဒုတိယဝန်ကြီး ဦးအေးကျော် ဓာတ်အားခွဲရုံများ ကြည့်ရှုစစ်ဆေး



နေပြည်တော်၊ ဇွန် ၉

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးကျော်သည် တာဝန်ရှိသူများနှင့်အတူ ၇-၆-၂၀၂၄ ရက်နေ့က မန္တလေးတိုင်းဒေသကြီးရှိ ၁၃၂ ကေဗွီ တံခွန်တိုင် ပင်မဓာတ်အားခွဲရုံသို့ ရောက်ရှိစစ်ဆေးသည်။

ထိုသို့စစ်ဆေးစဉ် တာဝန်ရှိသူများက ဂိုဒေါင်အလိုက် ပစ္စည်းများထိန်းသိမ်းထားသိုမှု/ ထုတ်ပေးမှု အခြေအနေများကို ရှင်းလင်းတင်ပြကြရာ တင်ပြချက်များနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီးက ဓာတ်အား ပို့လွှတ်/ဖြန့်ဖြူးရေးအတွက် ဝယ်ယူဖြည့်တင်းသောပစ္စည်းများ အလေအလွင့်မရှိအောင် စနစ်တကျ ထားသို ထိန်းသိမ်း/သုံးစွဲ သွားရမည်ဖြစ်ကြောင်း၊ နှစ်စဉ်ဆောင်ရွက်မည့်လုပ်ငန်းများအရ ပစ္စည်း လိုအပ်ချက်ကို လက်ကျန်စာရင်းများဖြင့် စိစစ်ပြီး စနစ်တကျဝယ်ယူဖြည့်တင်း၍ စိစစ်ထုတ်ယူသုံးစွဲ ခြင်းဖြင့် နိုင်ငံဘဏ္ဍာချွေတာရာရောက်ကြောင်း၊ ထို့ကြောင့် ပစ္စည်းများ ရရှိ/ ထုတ်ပေး/ သုံးစွဲ/ လက်ကျန်စာရင်းများကို စနစ်တကျ စာရင်းပြုစုပြီး လစဉ်ပြုစုတင်ပြကြရန်လိုကြောင်း၊ ဖြန့်ဖြူးရေး လုပ်ငန်းများတွင် သက်တမ်းလွန်သုံးစွဲခဲ့ပြီး လဲလှယ်ထွက်ရှိပစ္စည်းများကို လုပ်ထုံးလုပ်နည်းနှင့်အညီ ဆက်လက်ဆောင်ရွက်ကြရန်၊ နှစ်ချုပ်လက်ကျန် စာရင်းကောက်ယူမှု မှန်ကန်စေရေးဆောင်ရွက်ရန်၊ ထုတ်ယူသုံးစွဲထားသောပစ္စည်းများ အချိန်မီစာရင်းဖြောင့် ရှင်းလင်းဆောင်ရွက်ရန်မှာကြားကာ ဓာတ်အားခွဲရုံ၏ ဓာတ်အားထိန်းချုပ်ခန်းအတွင်းမှ ဓာတ်အားပို့လွှတ်ဖြန့်ဖြူးပေးနေမှု၊ မြေပြင်ရှိပစ္စည်းများ ထိန်းသိမ်းထားသိုမှုအခြေအနေနှင့် တပ်ဆင်ရေးလုပ်ငန်း လုပ်ဆောင်နေသည့် ဓာတ်အားကွပ်ကဲရေးဌာန (မန္တလေး) အဆောက်အအုံတို့ကို လိုက်လံကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ မှာကြားသည်။

မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ၂၃၀ ကေဗွီ မြောက်ပြင် ပင်မဓာတ်အားခွဲရုံသို့ရောက်ရှိပြီး ဓာတ်အားထိန်းချုပ်ခန်းအတွင်းနှင့် Switch Yard အတွင်း ဓာတ်အားလွှတ်ပစ္စည်းများ၏ အခြေအနေကို လိုက်လံကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ မှာကြားသည်။ ယင်းနောက် စီမံကိန်းမန်နေဂျာရုံး (၃) မန္တလေးတွင် ဝန်ထမ်းများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံကာ စီမံကိန်းမန်နေဂျာက ၂၀၂၄-၂၀၂၅ ဘတ်ဂျက်ပါ စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေကို ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက လိုအပ်သည်များ မှာကြားပြီး ဝန်ထမ်းများ၏ တင်ပြချက်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးသည် မန္တလေးတိုင်းဒေသကြီး အောင်မြေသာစံမြို့နယ်ရှိ မြို့နယ်လျှပ်စစ် မန်နေဂျာရုံးများသို့ရောက်ရှိပြီး ပြည်သူများ လစဉ်ဓာတ်အားသုံးစွဲမှုအတွက် ဓာတ်အားခတောင်းခံလွှာများ အချိန်မီဖြန့်ဝေနိုင်ရေး လယ်ဂျာစာရင်းဖြင့် အဆင့်ဆင့်စစ်ဆေးဆောင်ရွက်နေမှုနှင့် ရုံးလုပ်ငန်းများဆောင်ရွက်နေမှုအခြေအနေနှင့် မန္တ‌လေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း (ရုံးချုပ်) ရှိ Call Center မှ ဓာတ်အားဖြန့်ဖြူးမှုကို ကြီးကြပ်ဆောင်ရွက်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။


Join - https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)