Pages

Pages

ဒီပဲယင်းမြို့နယ်၌ PDF အမည်ခံအကြမ်းဖက်အဖွဲ့ အချင်းချင်း ပစ်ခတ်သတ်ဖြတ်ကြရာ ၈ဦး သေဆုံး



နေပြည်တော်၊ ဇွန် ၄

စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲယင်းမြို့နယ်အတွင်း မေလ ၂၈ ရက်တွင် PDF အမည်ခံအကြမ်းဖက်အဖွဲ့ အချင်းချင်းအပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး အကြမ်းဖက် အဖွဲ့များနှင့် မိသားစုဝင်များ သေဆုံး/ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရှိရသည်။

ဖြစ်စဉ်မှာ ရွှေဘိုခရိုင်အတွင်းရှိ PDF အမည်ခံအကြမ်းဖက်သမား ၂ ဦးသည် မေလ ၂၈ ရက် နံနက်ပိုင်းတွင် ဒီပဲယင်းမြို့နယ်၊ တည်တောကျေးရွာရှိ ၎င်းတို့၏ မိဘများထံသို့ လာရောက်စဉ် ကျေးရွာအဝင်၌ ဒီပဲယင်းမြို့နယ်ရှိ ဒေသခံ PDF အမည်ခံ အကြမ်းဖက်သမားများနှင့် စကားများရာမှ ပစ်ခတ်မှုများဖြစ်ပွားခဲ့ပြီး ရွှေဘိုခရိုင် အတွင်းရှိ PDF အမည်ခံအကြမ်းဖက်သမား ၁ ဦးနှင့် မိသားစုဝင် ၄ ဦး၊ စုစုပေါင်း ၅ ဦးသေဆုံးကာ PDF အမည်ခံအကြမ်းဖက်သမား ၁ ဦး ထိခိုက်ဒဏ်ရာရရှိပြီး ထွက်ပြေးလွတ်မြောက်သွား ခဲ့ကြောင်း သိရှိရသည်။

ထိုသို့ ထွက်ပြေးလွတ်မြောက်သွားသူက ၎င်း၏ ခေါင်းဆောင်ဖြစ်သူအား သတင်းပို့တိုင်ကြားခဲ့ရာ ခေါင်းဆောင်ဖြစ်သူမှ တည်တောကျေးရွာသို့ စုံစမ်းစစ်ဆေး မှုများပြုလုပ်ရန် လာရောက်ရာမှ ဒီပဲယင်းမြို့နယ်ရှိ ဒေသခံ PDF အမည်ခံအကြမ်း ဖက်သမားများနှင့် ထပ်မံပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး PDF အမည်ခံအကြမ်းဖက်သမား ၃ ဦး သေဆုံးသွားခဲ့ကြောင်း သိရှိရသည်။

ထိုသို့ PDF အမည်ခံအကြမ်းဖက်အဖွဲ့များသည် လက်နက်အားကိုးဖြင့် ပြည်သူလူထုအပေါ် အနိုင်ကျင့်ဗိုလ်ကျခြင်း၊ ဆက်ကြေးကောက်ခံခြင်း၊ ၎င်းတို့ အပေါ် အားပေးထောက်ခံမှုမရှိသူများအား အကြောင်းအမျိုးမျိုးပြ၍ ဖမ်းဆီးနှိပ်စက် သတ်ဖြတ်ခြင်း စသည့်အကြမ်းဖက်လုပ်ရပ်များကို လုပ်ဆောင်လျက်ရှိသည်။ ၎င်းအပြင် PDF အမည်ခံအကြမ်းဖက်အဖွဲ့အချင်းချင်းသည်လည်း နယ်မြေလုခြင်း၊ အာဏာလုခြင်း၊ ဆက်ကြေးငွေများကို အလွဲသုံးစားပြုလုပ်ခြင်းများ ဖြစ်ပေါ်လျက် ရှိပြီး အချင်းချင်း အနိုင်ကျင့်ဗိုလ်ကျ သတ်ဖြတ်မှုများလည်း လုပ်ဆောင်လျက်ရှိကြောင်း သတင်းရရှိသည်။


Join - https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق