ကျွန်းလှ ၊ ဇူလိုင် ၁၀
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ခုနှစ်၊ မိုးသီးနှံစိုက်ပျိုးရာသီ၌ ပဲတီစိမ်း ဧက ၃၉၀၀ ကျော် စိုက်ပျိုးပြီးစီးကြောင်း ကျွန်းလှမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသညိ။
ကျွန်းလှမြို့နယ်တွင် ပဲတီစိမ်း စိုက်ပျိုးမှုအနေဖြင့် ယခင်နှစ် မိုးရာသီ၌ ၅၄၁၀ ဧကစိုက်ပျိုးနိုင်ခဲ့ပြီး တစ်ဧက ပျမ်းမျှ ၁၇ ဒသမ ၃၃ တင်းထွက်ရှိကြောင်း၊ ယခုနှစ် ၅၄၁၂ ဧက စိုက်ပျိုးရန် လျာထားပြီး လက်ရှိအချိန်ထိ ၃၉၀၁ ဧက (၇၂ ဒသမ ၀၈) ရာခိုင်နှုန်း စိုက်ပျိုးပြီးဖြစ်ကြောင်း သိရသည်။
“ ဒီနှစ်မိုးရာသီမှာ ပဲမျိုးစုံစိုက်ပျိုးမှုအဖြစ် ပဲတီစိမ်း ၅၄၁၂ ဧကနှင့် ပဲစင်းငုံ ၁၁၅၄၁ ဧက စိုက်ပျိုးဖို့လျာထားပြီး ၂၀၂၄ ခုနှစ်၊ ဇွန်လကုန်ထိ ၉၁၀၆ ဧကစိုက်ပျိုးပြီးဖြစ်ပါတယ်။ သီးထပ်၊ သီးညှပ်နဲ့ တိုးချဲ့စိုက်ပျိုးကြဖို့ တောင်သူတွေနဲ့ ဆွေးနွေးလျက်ရှိပါတယ်” ဟု မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာန၊ ဦးစီးမှူး ဒေါ်မြင့်မြင့်ရီက ပြောသည်။
အဆိုပါပဲတီစိမ်းစိုက်ပျိုးသည့် တောင်သူများအား မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက ဒေသရေမြေ ရာသီဥတုနှင့်ကိုက်ညီပြီး အထွက်နှုန်းကောင်းမျိုးများ ရွေးချယ်စိုက်ပျိုးရေး၊ စိုက်နည်းစနစ် မှန်ကန်ရေး၊ ပိုးမွှားကျရောက်မှု ကင်းရှင်းရေးစသည့် စိုက်ပျိုးရေးဆိုင်ရာများ အသိပညာပေးလျက် ရှိကြောင်း သိရသည်။
မျိုးဝင်းညို ကျွန်းလှ
https://t.me/MyanmarNationalPost

ليست هناك تعليقات:
إرسال تعليق