ဓနုဖြူမြို့နယ်တွင် ကောက်စိုက်စက်ဖြင့် မိုးစပါးစိုက်ပျိုးခြင်း သရုပ်ပြပွဲကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ဓနုဖြူမြို့နယ်တွင် ကောက်စိုက်စက်ဖြင့် မိုးစပါးစိုက်ပျိုးခြင်း သရုပ်ပြပွဲကျင်းပ


ဓနုဖြူ  ၊  ဇူလိုင်  ၁၀

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် ကောက်စိုက်စက်ဖြင့် မိုးစပါးစိုက်ပျိုးခြင်းသရုပ်ပြပွဲကို စက်မှုလယ်ယာဦးစီးဌာန၊ အမှတ်(၃၃) စက်မှုလယ်ယာစခန်းမှ ယမန်နေ့နံနက်ပိုင်းက တမြှာကျေးရွာအုပ်စု၊ တမြှာ​ကျေးရွာ ကွင်းအမှတ်(၆၁)၊ ဦးပိုင်အမှတ် (၇၈)၊ တောင်သူ ဦးဌေးဝင်း၏လယ်မြေ၌ ကျင်းပခဲ့သည်။

အဆိုပါသရုပ်ပြပွဲတွင် စက်မှုလယ်ယာဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးအေးထွန်းက ကောက်စိုက်စက်အသုံးပြု၍ စိုက်ပျိုးခြင်းအားဖြင့် လုပ်အားခသက်သာခြင်း၊ မျိုးစေ့ကုန်ကျမှု နည်းပါးခြင်း၊ မျိုးထောင်ဧရိယာအနည်းငယ်သာလိုအပ်ခြင်း၊ ပျိုးပင်များပြုပြင်ထိန်းသိမ်းမှု လွယ်ကူစိတ်ချရခြင်း၊ ပျိုးပင်များနှုတ်ယူရန်မလိုအပ်ခြင်း၊ သန်မာ၍ရောဂါကင်းသော ပျိုးပင်များရရှိခြင်း၊ ကောက်စိုက်ရာတွင် လူအင်အားအသုံးပြုမှုနည်းပါးခြင်းနှင့် သက်တောင့် သက်သာ စိုက်ပျိုးနိုင်ခြင်း၊ လုပ်ငန်းတွင်ကျယ်၍ ပြီးစီးမှုပိုမိုခြင်း၊ လေဝင်လေထွက်ကောင်းခြင်း၊ ကောက်ပင်လှန်ရက် စောင့်ဆိုင်းရန်မလိုခြင်း၊ ပင်ပွားနှုန်းကောင်းပြီး စပါးအထွက်နှုန်း ကောင်းစေခြင်း၊ ကောက်စိုက်စက်ဖြင့် စိုက်ပျိုးထားသည့် စပါးခင်းအားရိတ်စက်၊ ရိတ်သိမ်းခြွေလှေ့စက်များဖြင့် အလွယ်တကူ ရိတ်သိမ်းနိုင်းခြင်းစသည်တို့ကို ရှင်းလင်းပြောကြားပြီး ဆင်းသုခမျိုး စမ်းသပ်ဧက(၃)ဧကအား သရုပ်ပြစိုက်ပျိုးခဲ့သည်။

အဆိုပါသရုပ်ပြပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအေးကိုတင့်နှင့်အဖွဲ့ဝင်များ၊ စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးချစ်ဝင်းနိုင်၊ စက်မှုလယ်ယာဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအေးထွန်းနှင့် ဝန်ထမ်းများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများနှင့် တာဝန်ရှိသူများ၊ တောင်သူများ တက်ရောက်ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။


အောင်ပြည့်ဖြိုးဇော်

https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)