ရေဘေးကယ်ဆယ်ရေး လုပ်ဆောင်နေသော လုံခြုံရေးတပ်ဖွဲ့ဝင်များ သတိပြုပါ - Myanmar National Post

Myanmar National Post

News Agency

Breaking

ရေဘေးကယ်ဆယ်ရေး လုပ်ဆောင်နေသော လုံခြုံရေးတပ်ဖွဲ့ဝင်များ သတိပြုပါ



ရန်သူလှုပ်ရှားမှုသတင်းများကို ဖော်ထုတ်တင်ပြနေတဲ့ Telegram Channel က ဖော်ပြထားတာကို တွေ့ရပါတယ်။ ရေဘေးကယ်ဆယ်ရေးလုပ်ဆောင်နေတဲ့ တပ်မတော်သားတွေကို KIA က ချောင်းမြောင်းတိုက်ခိုက်မှုတွေ ရှိနေတယ်ဆိုတဲ့ အခြေအနေဖြစ်ပါတယ်။

အများပြည်သူ အတိဒုက္ခရောက်တဲ့အခါ ရေဘေး၊ လေဘေး အစရှိတဲ့ သဘာဝဘေးအန္တရာယ်တွေ ကြုံလာရင်လည်း ရှေ့ဆုံးက ထွက်ရတာ တပ်မတော်သားတွေပါပဲ။ ကချင်ပြည်နယ် မြစ်ကြီးနားမှာ စတင်ဖြစ်ပေါ်ခဲ့တဲ့ ရေဘေးဟာ အခုဆိုရင် ကချင်ပြည်နယ်အတွင်းက မြို့နယ်များ၊ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းက မြို့နယ်များကို ရောက်ရှိလာခဲ့ပါပြီ။ ရေဘေးဖြစ်ပေါ်ရာ ဒေသများဟာ KIA/PDF ပြည်ဖျက်မိစ္ဆာ အကြမ်းဖက်သမားများ အခြေပြုလှုပ်ရှားရာ ဒေသဖြစ်နေပါတယ်။ ဒါကို အထူးသတိပြုပြီး ရေဘေးကူညီရေးအတွက် တပ်မတော်က လုပ်ဆောင်နေချိန်မှာ ပြည်ဖျက်မိစ္ဆာ အကြမ်းဖက်သမားများက အခွင့်ကောင်းယူပြီး တိုက်ခိုက်လာနိုင်ပါတယ်။

ပြည်ဖျက်မိစ္ဆာတွေရဲ့ သဘောကတော့ အများပြည်သူ အတိဒုက္ခရောက်နေချိန် ဘယ်နေရာကနေ ကူညီဆောင်ရွက်ပေးနိုင်မလဲဆိုတဲ့ အတွေးမျိုး မရှိပါဘူး။ ဖြစ်ပေါ်နေတဲ့ အခက်အခဲ အကြပ်အတည်းပေါ်ကနေ ဘယ်လို အမြတ်ထုတ်ရမလဲဆိုတာကိုပဲ စဉ်းစားတဲ့ ဆန်ကုန်၊ မြေလေး လူယုတ်မာတွေ ဖြစ်ပါတယ်။

တပ်မတော်သားများက အများပြည်သူအတွက် ဆောင်ရွက်ပေးနေချိန်မှာ ပြည်ဖျက်မိစ္ဆာများဖြစ်တဲ့ KIA/PDF အကြမ်းဖက်သမားများက ချောင်းမြောင်းတိုက်ခိုက်ခံရတဲ့ အဖြစ်မျိုးတွေ မမြင်လို မတွေ့လိုတော့ပါဘူး။ 

ဒါကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ ရေးဘေးသင့်ပြည်သူများကို ကူညီရာမှာလည်း ပြည်ဖျက်မိစ္ဆာ KIA/PDF အကြမ်းဖက်သမားများရဲ့ အန္တရာယ်ကိုလည်း အထူးသတိပြုဆောင်ရွက်ကြဖို့ လေးစားစွာ သတိပေးတင်ပြအပ်ပါတယ်။


https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)