မင်းဘူး(စကု)မြို့နယ်၌ လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

မင်းဘူး(စကု)မြို့နယ်၌ လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကျင်းပ




မင်းဘူး  ၊  ဇူလိုင် ၁၀


မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု)မြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်း ကျင်းပသည့် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ မွန်းလွဲ (၂) နာရီက ရွှေရောင်တော် အခြေခံပညာအထက်တန်းကျောင်း (ခွဲ) တွင် ကျင်းပပြုလုပ်သည်။


ဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်ဝါဝါလှိုင်က လူငယ်များအနေဖြင့် ကျောင်းအားလပ်ရက်များတွင် အချိန်ကို အကျိုးရှိစွာ အသုံးချတတ်ရန်လိုကြောင်း၊ ယနေ့ခေတ်ကျောင်းသား လူငယ်များသည် မိမိသွားချင်သည့် လမ်းကြောင်းကို လျှောက်လှမ်းနေကြသူများ ဖြစ်ကြသလို ဗလငါးတန်ဖွံ့ဖြိုးရေးအတွက် ကြိုးစားဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ လူငယ်များ၏ အတွေးအခေါ်မှန်ကန်‌ပြီး ဗဟုသုတများရရှိစေရန် သတ/ရသစသော အသိပညာပေး စာအုပ်စာပေများကို ဖတ်ရှုကြရန် ပြောကြားသည်။


ဆက်လက်၍ အားကစားနှင့်ကာယပညာဦးစီးဌာနမှ မြို့နယ်အားကစားမှူး ဒေါ်နှင်းက အားကစားဆိုသည်မှာ အင်အားနှင့်ဉာဏ်ရည်ပေါင်းစပ်၍ လုပ်ဆောင်ကြရကြောင်း၊ အားကစားတွင် ယှဉ်ပြိုင် အားကစား၊ အပန်းဖြေအားကစား၊ ရိုးရာအားကစား၊ လူထုအားကစားဟူ၍ (၄) မျိုးရှိပြီး၊ နွေရာသီ ကျောင်းအားလပ်ရက်များတွင် ဖွင့်လှစ်သင်ကြားသွားမည့် အားကစားနည်းများနှင့်ပတ်သက်၍ ရှင်းလင်း ပြောကြားသည်။ ထို့နောက် စားသုံးသူရေးရာ ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမြင့်ကြည်က စားသုံးသူ အခွင့်အရေး (၈) ချက်၊ စားသုံးသူကာကွယ်ရေးဥပဒေနှင့် လုပ်ငန်းရှင်များက ဖြေရှင်းဆောင်ရွက်ပေးမှုများ၊ စားသုံးသူများအနေဖြင့် နစ်နာဆုံးရှုံးမှု တစ်စုံတစ်ရာ ကြုံတွေ့ပါက တိုင်ကြားနိုင်သည့် ဖုန်းနံပါတ်များကို ပြောကြားခဲ့သည်။


ထို့နောက် ကျောင်းသား၊ ကျောင်းသူများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ပြသထားသော သုတ/ရသ စာအုပ်၊ စာစောင်များနှင့် မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေးနှင့် (၇၇) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အသိပညာပေး နံရံကပ်စာစောင်များအား စိတ်ဝင်တစား ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။  


ဇေယျာထက်(မင်းဘူး)

https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)