ပြင်ဦးလွင်မြို့နယ် အ.ထ.က(ခွဲ) အောင်ချမ်းသာတွင် “အနာဂတ်ကိုပိုင်စိုးမည့်သူများ” ခေါင်းစဉ်ဖြင့် လူငယ်ရေးရာ‌ဟောပြော‌ဆွေးနွေးပွဲ ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ပြင်ဦးလွင်မြို့နယ် အ.ထ.က(ခွဲ) အောင်ချမ်းသာတွင် “အနာဂတ်ကိုပိုင်စိုးမည့်သူများ” ခေါင်းစဉ်ဖြင့် လူငယ်ရေးရာ‌ဟောပြော‌ဆွေးနွေးပွဲ ကျင်းပ



ပြင်ဦးလွင် ၊  ဇူလိုင် ၁၀


လူငယ်ကဏ္ဍကို မြှင့်တင်‌ဆောင်ရွက်စေရန် ရည်ရွယ်၍ လူငယ်ရေးရာ အသိပညာပေး ဟောပြောဆွေးနွေးပွဲကို ယမန်နေ့‌နံနက် (၉) နာရီအချိန်က မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ အ.ထ.က(ခွဲ) အောင်ချမ်းသာတွင် ကျင်းပရာ ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဝါဝါလွင်က ဟောပြောပွဲ ကျင်းပရသည့် ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားသည်။


ဆက်လက်၍ ဗမာလူမျိုးစာပေနှင့် ယဉ်ကျေးမှုအသင်းခရိုင်အဆင့် ဒုတိယဥက္ကဋ္ဌ ဒေါ်အေဇင်မေက ဗမာလူမျိုးစာပေနှင့် ယဉ်ကျေးမှုအသင်းအား မိတ်ဆက်ပေးခြင်းနှင့် စာရေးဆရာ ကိုရွှေအောင်သင်း၏ ကိုယ်ရေးအကျဉ်းအား ဖတ်ကြားခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ ထို့နောက် စာရေးဆရာ ကိုရွှေအောင်သင်းက “အနာဂတ်ကို ပိုင်စိုးမည့်သူများ” ခေါင်းစဉ်ဖြင့် ဟောပြောဆွေးနွေးခဲ့ပြီး ဆွေးနွေးချက်များအပေါ် ကျောင်းသား/သူများနှင့် အပြန်အလှန် ဆွေးနွေးမေးမြန်းခဲ့ရာ ကျောင်းသား/သူများက ပြန်လည်ဖြေကြားခဲ့သည်။ ထို့နောက် အိမ်ခြံမြေဖွံ့ဖြိုးတိုးတက်ရေးအသင်း၊ ပြင်ဦးလွင်မြို့နယ် ဥက္ကဋ္ဌ၊ ဗမာလူမျိုးစာပေနှင့် ယဉ်ကျေးမှုအသင်း၏ ခရိုင်အလုပ်အမှုဆောင် ဦးဇော်မြင့်နှင့် အဖွဲ့၀င်များဖြစ်သည့် ကိုသီဟအောင်လွင်၊ ဒေါ်စောမိုးမိုးသန်းတို့က ကျောင်းသား၊ ကျောင်းသူများအား အမှတ်တရလက်ဆောင်များ ပေးအပ်ချီးမြှင့်ခဲ့သည်။


ဆက်လက်ပြီး ပြင်ဦးလွင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာ၀န်ရှိသူများသည် အ.ထ.က(ခွဲ) အောင်ချမ်းသာမှ ကျောင်းသား/ကျောင်းသူများအား အသိအလိမ္မာရဖွယ် သုတ၊ ရသ ပုံပြင်များ ဖတ်ကြားပြခြင်း၊ နံရံကပ်စာစောင်များ၊ သုတ၊ ရသ စာစောင်များ ခင်းကျင်းပြသ‌ပေးသည်။ အဆိုပါ လူငယ်ရေးရာ အသိပညာပေး ဟောပြောဆွေးနွေးပွဲသို့ ကျောင်းသား/သူ(၁၅၀)ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။


သွေးသွေး 

https://t.me/MyanmarNationalPost


ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)