Pages

Pages

တံတားဦးမြို့နယ်တွင် မြစ်ရေဝင်ရောက်လာသဖြင့် တောင်သူများနှင့် မွေးမြူသူများ မွေးမြူထားသော ကျွဲ၊ နွားတိရစ္ဆာန်များအား ရေလွတ်သည့် ကုန်းမြင့်များသို့ ပြောင်းရွှေ့ပေး

 


တံတားဦး  ၊ ဇူလိုင်  ၁၁


မန္တလေးတိုင်းဒေသကြီး တံတားဦးခရိုင် တံတားဦးမြို့နယ်တွင် မြစ်ရေများဝင်ရောက်မှုကြောင့် တောင်သူများနှင့် မွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူများ၏ ကျွဲ၊ နွားတိရစ္ဆာန်များကို ရေလွတ်သည့် ကုန်းမြင့်များသို့ ပြောင်းရွှေ့ပေးလျက်ရှိကြောင်း သိရသည်။


ထိုသို့ပြောင်းရွှေ့ရာတွင် မြေငူကျေးရွာနှင့် ပုဏ္ဏားခြံကျေးရွာတို့မှ ရေဘေးရှောင်စခန်း(၁)ခုတွင် နွား အကောင်(၁၀၀၀)၊ ပန်းယျကျေးရွာမှ ရေဘေးရှောင်စခန်း(၁)ခုတွင် နွား (၁၅၀) ကောင်၊ အမှတ်ရပ်ကွက်ရှိ ရေဘေးရှောင်စခန်း(၃)ခုတွင် နွား (၁၀)ကောင်၊ ငါးရာပြားကျေးရွာနှင့်ကျီးပင်ကျေး ရွာတို့ရှိ ရေဘေးရှောင်စခန်း(၂)ခုတွင် နွား(၃၂၂)ကောင်၊ ဇီးပင်ကွေ့ကျေးရွာမှ ရေဘေးရှောင်စခန်း (၁)ခုတွင် နွား(၁၉၆)ကောင်၊ လက်ပန်ဇင်ကျေးရွာအုပ်စုရှိ ရေဘေးရှောင်စခန်း(၄)ခုတွင် နွား(၆၄၄)ကောင်၊ ဘလဲ့ဘကျေးရွာအုပ်စုမှ ရေဘေးရှောင်စခန်း(၅)ခုတွင် နွား(၅၇)ကောင်၊ တပယ်ကျေးရွာရှိ ရေဘေးရှောင်စခန်း(၁)ခုတွင် နွား(၃၀၁)ကောင်၊ လက်ဆောင်ယူကျေးရွာအုပ်စုရှိ ရေဘေးရှောင်စခန်း(၅)ခုတွင် နွား(၁၇၀)ကောင်၊ ကူတိုးဆိတ်ကျေးရွာရှိ ရေဘေးရှောင်စခန်း(၁)ခုတွင် နွား(၁၄၆)ကောင်ဖြစ်ကြောင်း သိရသည်။


ရဲတင့်

https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق