နိုင်ငံတော်က တရားဝင်ခွင့်ပြုထားသော Mobile Banking ဖြင့် ငွေပေးချေမှုကို လက်မခံသည့် ကုမ္ပဏီနှင့် ဆိုင်များအား တိုင်ကြားနိုင် - Myanmar National Post

Myanmar National Post

News Agency

Breaking

နိုင်ငံတော်က တရားဝင်ခွင့်ပြုထားသော Mobile Banking ဖြင့် ငွေပေးချေမှုကို လက်မခံသည့် ကုမ္ပဏီနှင့် ဆိုင်များအား တိုင်ကြားနိုင်



နေပြည်တော်၊ ဇူလိုင် ၁၀

KBZ Pay အပါအဝင် နိုင်ငံတော်က တရားဝင်ခွင့်ပြုထားသော Mobile Banking ဖြင့် ငွေပေးချေမှုအပေါ်  တချို့သော ကုမ္ပဏီများ၊ ဈေးဆိုင်များက လက်မခံသည့် အခြေအနေနှင့် ပတ်သက်၍ သက်ဆိုင်ရာ တာဝန်ရှိသူများထံ သတင်းပေးတိုင်ကြားနိုင်ကြောင်း သိရသည်။

တာဝန်ရှိသူတစ်ဦးက "KBZ Pay အပါအဝင် နိုင်ငံတော်က တရားဝင်ခွင့်ပြုထားတဲ့ Mobile Banking တွေ ရှိတယ်။ တချို့ ကုမ္ပဏီတွ ဆိုင်တွေက တရားဝင် Mobile Banking စနစ်နဲ့ ငွေပေးချေမှုတွေကို လက်မခံတာမျိုး ရှိတယ်လို့ သတင်းတွေ ကြားသိရပါတယ်။ ဒါတွေက အများပြည်သူ အဆင်ပြေလွယ်ကူစွာ အသုံးပြုနိုင်စေဖို့ နိုင်ငံတော်က တရားဝင်ခွင့်ပြုထားတာ ဖြစ်တယ်။ တရားဝင် ခွင့်ပြု သတ်မှတ်ပေးထားတဲ့ ငွေပေးချေစနစ်ကို လက်မခံဘူးဆိုတာ ဥပဒေကို ချိုးဖောက်တာပဲ။ ငွေကြေးလည်ပတ်စီးဆင်းမှုမှာ ကမောက်ကမဖြစ်အောင် လုပ်ချင်တဲ့ သဘောတွေ ရှိတယ်။ ဒီတော့ လက်မခံတဲ့ ကုမ္ပဏီတွေ၊ လက်မခံတဲ့ ဆိုင်တွေကို သိရင် အထောက်အထားနဲ့ တကွ သတင်းပေးတိုင်ကြားနိုင်ပါတယ်။" ဟု ဆိုသည်။

လက်တလော အခြေအနေတွင် ပြည်ပြေး ဝရမ်းပြေး အကြမ်းဖက်လှုံ့ဆော်သူများက ပြည်သူတို့၏ လူမှုစီးပွားဘဝ တည်ငြိမ်အေးချမ်းမှု ပျက်ပြားစေရန် နည်းမျိုးစုံဖြင့် လှုံ့ဆော်မှုများ လုပ်ဆောင်လျှက်ရှိပြီး ရွှေဈေး၊ ငွေဈေး၊ ဆန်ဈေး မတည်မငြိမ်ဖြစ်အောင် လုပ်ဆောင်သူများကိုလည်း နိုင်ငံတော်က ဖော်ထုတ်အရေးယူမှုများ ဆောင်ရွက်ခဲ့ရပြီး နိုင်ငံတော်က တရားဝင်ခွင့်ပြုထားသည့် Mobile Banking ဖြင့် ငွေပေးချေမှုကို လက်မခံသည့် ကုမ္ပဏီနှင့် ဆိုင်များကိုလည်း အထောက်အထားဖြင့် သတင်းပေးတိုင်ကြားနိုင်ကြောင်း သိရသည်။


Join - https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)