မလှိုင်၊ ဇူလိုင် ၁၀
မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်၊ လယ်ဗျားကျေးရွာ မင်းကျောင်းဘုန်းတော်ကြီးကျောင်း ခန်းနေဆရာတော်ကို ၆-၇-၂၀၂၄ ရက်နေ့တွင် PDF အကြမ်းဖက်သမားများက သတ်ဖြတ်သွားကြောင်း သိရသည်။
မလှိုင်မြို့နယ်၊ လယ်ဗျားကျေးရွာ၌ သေနတ်ဖြင့် ပစ်ခတ်ခံရ၍ သံဃာတော်တစ်ပါးပျံလွန်တော်မူသွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးရာ အဆိုပါကျေးရွာရှိ “မင်းကျောင်း”ဘုန်းကြီး ကျောင်း၌ သီတင်းသုံးနေထိုင်သည့် ခန်းနေဆရာတော်ဖြစ်သူ ဘဒ္ဒန္တကောမလ(ခ)ဦးကျော်ရွှေ (၅၀)နှစ် (၃၀)ဝါသည် ဘုန်းကြီးကျောင်းအတွင်း ရှိနေစဉ် PDF အမည်ခံ အကြမ်းဖက်သမားငါးဦးက ဆိုင်ကယ်သုံးစီးဖြင့် ရောက်ရှိလာပြီး “ဒလန်”ဟုစွပ်စွဲပြောဆို၍ သေနတ်ဖြင့် ပစ်ခတ် သတ်ဖြတ်သွားခဲ့သဖြင့် ဆရာတော် ဘဒ္ဒန္တကောမလ(ခ)ဦးကျော်ရွှေတွင် ကျည်ထိမှန်ဒဏ်ရာများ ရရှိကာ ပျံလွန်တော်မူသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
Join - https://t.me/MyanmarNationalPost

ليست هناك تعليقات:
إرسال تعليق