Pages

Pages

ရွှေတောင်မြို့နယ်အတွင်းဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအားကွင်းဆင်းကြည့်ရှုစစ်ဆေး



ရွှေတောင် ၊  အောက်တိုဘာ ၄

ပဲခူးတိုင်းဒေသကြီး ၊ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်အတွင်း ပြည်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ၊ ဦးသိန်းအောင်နှင့်အဖွဲ့ဝင်များ၊ ရွှေတောင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ   ဦးဟံဝင်းအောင်နှင့် အဖွဲ့ဝင်များမှ ယမန်နေ့ နံနက်ပိုင်းက ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအားကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။

အဆိုပါ စစ်ဆေးရာတွင် ရွှေတောင်မြို့နယ်၊  ယွန်းတန်းရပ်ကွက်၊ မြောက်ဘုရားကြီးလမ်းရှိ "ကျား"အထည်စက်ရုံတွင် "ဇာခြင်ထောင်"စက်ရက်ကန်း ရက်လုပ်နေမှုအခြေအနေနှင့် ဦးဝိုင်းတင်အထည်စက်ရုံတွင် "ခြုံစောင်" စက်ရက်ကန်း ရက်လုပ်နေမှုအခြေအနေတို့အား ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့ပြီး ပြည်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ၊ ဦးသိန်းအောင်မှ လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်းသိရသည်။ 


ကိုကိုမင်း 

https://t.me/MyanmarNationalPost



https://t.me/MyanmarNationalPost

No comments:

Post a Comment